နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂေါ်ဒူသာရ တံတားမှ နယ်ခြားစောင့်ရဲ များက လူငယ် ၃ ဦးကို ဖမ်းဆီး ငွေညှစ်

Rohingya Eye
RB News
24.7.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ တံတားအနီးရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဇူလိုင်လ (၁၇) ရက်နေ့ ည (၈) နာရီ အချိန်တွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ တောင်ရွာသို့ သွားရောက်၍ နေအိမ် (၃) လုံးကို ၀င်ရောက် ရှာဖွေခဲ့သော်လည်း မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာမှ မရှိခဲ့ဟု ဒေသခံများက ဆိုသည်။

သို့သော်လည်း နယ်ခြားစောင့်ရဲ များက အဆိုပါ နေအိမ်များတွင် ဘင်္ဂလားဆင်းမ်ကဒ်များ မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ လူငယ် (၃) ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် လူငယ် (၃) ဦးထံမှ ငွေကျပ် ၇ သိန်းခွဲ ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရပြီး ငွေကျပ် နှစ်သိန်းခွဲ စီ ညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဟဲဖ်ဇူရာမန် (ဘ) ဦးဟာဘီရာမန် (အသက် ၂၄ နှစ်)
(၂) ကော်ဘိရ်အာမတ် (ဘ) ဦးနူရ်အာမတ် (အသက် ၁၈ နှစ်)
(၃) အာမီးန်အူလ္လာ (ဘ) ဦးအီဆုဖ် (အသက် ၁၆ နှစ်) -- တို့ဖြစ်သည်။

အဆိုပါ တံတား ကင်းစခန်း ရှေ့မှ ရိုဟင်ဂျာများ စက်ဘီးစီး၍ ဖြတ်သွားလျှင် စက်ဘီးပေါ်မှ ဆင်းခိုင်းပြီး၊ ထောက်ခံစာ တောင်းခံခြင်း၊ ခြေလျင် သွားခိုင်းခြင်း၊ ထောက်ခံစာ မပြနိုင်လျှင် ငွေတစ်ထောင်စီ တောင်းခံခြင်း၊ မပေးနိုင်သူများကို ကိုယ်ထိလက်ရောက် စော်ကားခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus