နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို ရေတွင်းပြင်မှ ဒေသခံ တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးထား

MYARF
RB News
26.7.2015


တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) မှ တပ်ဖွဲ့ဝင် (၁၂) ဦးသည် ဇူလိုင်လ (၂၄) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ရေတွင်းပြင် ကျေးရွာမှ ဦးမိုဟာမတ်အလီ (ဘ) ဦးဂူရာမျာ၏ နေအိမ် စီးနင်း ၀င်ရောက်၍ ဦးမိုဟာမတ်အလီနှင့် တရားမ၀င် ပစ္စည်းရှိ/မရှိ ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ပြန်သွားခဲ့သည်။ အပြန်တွင် ယင်းအိမ်ရှေ့လမ်းမှ ဖြတ်သွားနေသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေးမေးပြီး ပြန်လွှတ်လိုက်သော်လည်း ယင်းကျေးရွာမှ ဦးအဒူဆော်လာမ် (ဘ) ဦးအာဘူလ်ဟူစိန်း ကို ဦးမိုဟာမတ်အလီ၏ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အပြင် လက်ထိပ်ခတ် ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ဖမ်းဆီးခံရသူ ဦးအဒူဆော်လာမ်သည် လူရိုးလူကောင်း တစ်ဦး ဖြစ်ပြီး နေ့စား အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် အလွန်ဆင်းရဲ နွမ်းပါးသူ တစ်ဦး ဖြစ်သည်။ ထို့အပြင် ၎င်းချုပ်နှောင် ခံထားရသည့် အချိန်ကာလတွင် တစ်မိသားစုလုံး အငတ်နေရမည်မှာ အသေအချာ ဖြစ်သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

သို့ဖြစ်၍ ငါးခူရကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်တေဇာ အနေဖြင့် မိမိလက်အောက်ခံ တပ်သားများအား စုံစမ်းစစ်ဆေးရာတွင် အရပ်သားများ၏ မူလ အခွင့်အရေးများ မဆုံးရှုံးစေရေး အတွက် လမ်းညွန်ပေးပါရန်၊ အပြစ်တစ်စုံတစ်ရာ မရှိဘဲ မတရားသဖြင့် ထိန်းသိမ်း ချုပ်နှောင် ခံထားရသူ ဦးအဒူဆော်လာမ်ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးမည်ဟု မျှော်လင့်ကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။




Comment ရေးရန်

Rohingya Exodus