နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့မဈေးပေါ်တွင် ရခိုင်လူငယ်နှစ်ဦးက ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရိုက်နှက်

MYARF
RB News
26.7.2015


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မဈေးပေါ်တွင် ဇူလိုင်လ (၂၅) ရက်နေ့ ည (၆) နာရီ အချိန်ခန့်တွင် ရခိုင်လူငယ် နှစ်ဦးက ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရာချီသော ရိုဟင်ဂျာများ ရှေ့မှောက်တွင် ပြင်းပြင်းထန်ထန် ရိုက်နှက် ထိုးကြိတ် နေသည်ကို ရိုဟင်ဂျာများ လက်ပိုက် ကြည့်ရှုနေခဲ့ရသည့် အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့မဈေးပေါ်တွင် တည်ရှိသော Sky View Hotel မြောက်ဘက်ရှိ ရိုဟင်ဂျာ စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်နေသည့် အမည်မသိ ရခိုင်လူငယ်နှစ်ဦးသည် အခြားဝိုင်းတွင် စားသောက်နေသော ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရုတ်တရက် မတ်တပ်ရပ်၍ “မင်းက-ိုးကုလား” ဟု အကြိမ်ကြိမ် အော်ဟစ်ဆဲဆိုပြီး လက်သီးဖြင့်ထိုး၊ ဆိုင်မှ ထိုင်ခုံဖြင့် ရိုက်နှက် အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည်။

ရိုဟင်ဂျာလူငယ်ကို ရခိုင်လူငယ်နှစ်ဦးက လူမဆန်စွာ ရိုက်နှက်နေသည်ကို ရာချီသော ရိုဟင်ဂျာများက တွေ့ရှိနေသော်လည်း ပြဿနာ ပိုမိုကြီးထွားသွားမည်ကို စိုးရိမ်၍ လက်ပိုက်ကြည့်နေခဲ့ပြီး မည်သို့မှ တုံ့ပြန်ခြင်း မပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောပါသည်။





Comment ရေးရန်

Rohingya Exodus