နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တို့က ဒေသခံ ၄ ဦးထံမှ ငွေညှစ်

Rohingya Eye
RB News
30.7.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးနှင့် ရာအိမ်မှူး ဦးဖွေယာစ် (ဘ) ဦးဖော်ဇော်လ်ကော်ရီးမ် (အသက် ၅၀ နှစ်) တို့သည် မောင်တူလာ ကျေးရွာအတွင်းရှိ အိမ်ခြေ (၁၀၀) ကျော်မှ အိမ်ခြေ (၇၀) မှ အိမ်ရှင်များကို ၃ ရက် တစ်ကြိမ် ကင်းစောင့်ခိုင်းပြီး၊ ကျန်သည့် အိမ်ခြေ (၃၀) ကျော်မှ လစဉ် ငွေကျပ် ၅ သောင်းကျော် ယူ၍ ကင်းမစောင့်ခိုင်းကြောင်း ဒေသခံများက  RB News  သို့ပြောသည်။

မောင်တူလာ ကျေးရွာအတွင်းရှိ ရွာသား အများစုမှာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သဖြင့် ညပိုင်းတွင် ငါးဖမ်းရသဖြင့် ကင်းစောင့်ရသည့် တာဝန်ကို ပုံမှန် ကျေပွန်နိုင်ခြင်း မရှိသည့် အတွက် ရွာသားအချို့ကို အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ပြီး ရိုက်နှက် ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဟာနီဖာ (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၃၅ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ
(၂) ဦးအာနီစူရာဟ်မန် (ဘ) ဦးအာရှော်ရော်ဖ် (အသက် ၂၅ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ
(၃) ဦးအဒူလ္လာ (ဘ) ဦးဟာဘီဇူလ္လာ (အသက် ၂၇ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ
(၄) ဦးဆွေယာဒ်ဒူလ္လာ (အသက် ၂၈ နှစ်) - ညှစ်ခံရသည့်ငွေကျပ် ၂ သိန်းခွဲ -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူ ၄ ဦးမှာ ငွေကြေးတတ်နိုင်သူများ မဟုတ်ဘဲ၊ ငွေကြေး ဆင်းရဲသူများ ဖြစ်သောကြောင့် ပိုင်ဆိုင်မှုများကို ရောင်းချ၍ အုပ်ချုပ်ရေးမှူး ညှစ်သည့် ငွေကို ပေးခဲ့ရသူများ ဖြစ်သည်။

အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ငွေညှစ်ခြင်းမှာ ဥပဒေမဲ့ မတရားသဖြင့် ညှစ်ယူခြင်း ဖြစ်သဖြင့် တရားဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူပေး ပါရန် ဒေသခံများက တောင်းဆိုနေကြသည်။



Comment ရေးရန်

Rohingya Exodus