နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူမှ ဗိုလ်ကြီးသိန်းဌေးက ဒေသခံနှစ်ဦးထံမှ ငွေ ၁၀ သိန်းညှစ်

Rohingya Eye
RB News
23.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်မတော် စခန်းမှ တာဝန်ခံ ဗိုလ်ကြီးသိန်းဌေးသည် သြဂုတ်လ (၁၈)ရက်နေ့တွင် မြင်းလွတ် ကျေးရွာအုပ်စု၊ ဟော်ရော်သော်လီရွာမှ အိဗြာဟိမ်း (ဘ) ဦးဖေရာန် (အသက် ၂၅ နှစ်) ကို တရားမ၀င် သစ်ရောင်းသည်ဟု လုပ်ကြံ စွပ်စွဲပြီး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ငွေညှစ်ခံရသူသည် စားကုန်ဆိုင် ရောင်းချနေသူ တစ်ဦး ဖြစ်သည်။ 

အလားတူ မြင်းလွတ် ကျေးရွာအုပ်စု၊ မော်ရီးချောင်းရွာမှ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသော ဦးဖေရာန် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၅ နှစ်) ကိုလည်း တရားမ၀င် သစ်ရောင်းချနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ဗိုလ်ကြီးသိန်းဌေးက ငွေကျပ် ၈ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဗိုလ်ကြီးသိန်းဌေးသည် လက်နက်အင်အားပြ၍ ရရှိထားသည့် အာဏာကို အလွဲသုံးစား ပြုလုပ်နေကြောင်း၊ အစိုးရ ပြောင်းလဲသွားသော်လည်း ယခင်အစိုးရ လက်ထက်က အတိုင်း ဆက်လက်၍ ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း၊ ဒေသခံများ၏ ဘ၀မှာ ပြောင်းလဲသွားခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။



Comment ရေးရန်

Rohingya Exodus