နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုမှ မြေတိုင်းစာရေးနှင့် ရွာတာဝန်ခံက ရွာသားများ၏ လယ်မြေများ သိမ်းယူ၍ ငှားစား

MYARF
RB News
3.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ မြေစာရင်း ဦးစီးဌာနမှ မြေတိုင်းစာရေးနှင့် တောင်ပြိုလက်ယာ ကျေးရွာတာဝန်ခံတို့ ပူးပေါင်း၍ ဒေသခံ ရွာသားများ၏ စားကျက် လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းယူ၍ ငှားစားနေကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ယာ ကျေးရွာအုပ်စုမှ တောင်ဗလီပိုင် လယ်ယာမြေ၊ ကွင်းအမှတ် (၂၆)၊ ဦးပိုင်အမှတ် (၁၄၄/၇)၊ မြေချိန် (၀.၆၀) ဧကနှင့် ဦးနူရူလ်ဟောက် (ဘ) ဦးဘော်ဒီရာမန်ပိုင် လယ်ယာမြေ၊ ကွင်းအမှတ် (၂၆)၊ ဦးပိုင်အမှတ် (၁၄၄/၈)၊ မြေချိန် (၀.၄၀) ဧက များကို တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ မြေစာရင်း ဦးစီးဌာန မြေတိုင်းစာရေး ဦးခင်မောင်သန်းနှင့် တောင်ပြိုလက်ယာ ကျေးရွာတာဝန်ခံ ဦးအာဖ်တာရ်အာလောမ် တို့ပူးပေါင်း၍ အတင်းအဓမ္မ သိမ်းယူပြီး အခြားသူများကို ငှားရမ်းလိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။





Comment ရေးရန်

Rohingya Exodus