နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြေတိုင်းစာရေးက ဥဒေါင်း ရွာသားများ ထံမှ ငွေညှစ်

MYARF
RB News
3.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာတွင် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြေတိုင်းစာရေး ဦးသိန်းကျော်မောင် က ဒေသခံ ရိုဟင်ဂျာများကို အိမ်ခြံမြေ ပုံစံ (၁၀၅) မရှိ၊ BD ပြေး တရားခံများ၏ အိမ်ခြံမြေတွင် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် သိန်းချီ ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တော မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ စာရေးဖြစ်သူ ဦးသိန်းကျော်မောင်သည် ဇူလိုင်လ (၉) ရက်နေ့မှ (၁၅) ရက်နေ့ အကြားတွင် ဥဒေါင်း ကျေးရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အိမ်ခြံမြေ ပုံစံ (၁၀၅) မရှိ၊ BD ပြေး တရားခံများထံမှ ရရှိသည့် အိမ်ခြံမြေများတွင် နေထိုင်သည်ဟု လုပ်ကြံစွပ်စွဲ၍ အောက်ဖော်ပြပါ ဒေသခံ ရွာသားများထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးအာလောမ် (ဘ) ဦးရှော်ရ်မောတ် (အသက် ၄၅ နှစ်) ဥဒေါင်း မြောက်ရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၂) ဦးအာဘူတာဟဲရ် (ဘ) ဦးဆူလေမာန်၊ ဥဒေါင်း ဇူမ္မာရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း
(၃) ဦးအဒူ (ဘ) ဦးဟာလာ၊ ဥဒေါင်းမြောက်ရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း
(၄) ဦးမာဆီဒိတ် (ဘ) ဦးရှားဒီးဟူဆောင်း (အသက် ၄၅ နှစ်) ဥဒေါင်း ကုန်တန်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၅) ဦးမောတ္တုလ်ဟူဆောင်း (ဘ) ဦးရှော်ရ်မောတ် (အသက် ၅၀ နှစ်) ဥဒေါင်း ကုန်တန်းရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၆) ဦးရှောမ်ရှူန္နာရ် (ဘ) ဦးအဒူဆောဒူ (အသက် ၄၀ နှစ်) ဥဒေါင်း ဖာစ်ကူရီးရွာမှ - ညှစ်ခံရငွေကျပ် နှစ်သိန်း
(၇) ဦးရော်ရှိဒူလ္လာ (ဘ) ဦးဒေါအိဇ္ဖာ (အသက် ၂၀ နှစ်) ဥဒေါင်း မြောက်ရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၈) ဦးဘောက္ကရီ (ဘ) ဦးရှော်ရ်မောတ်၊ ဥဒေါင်းမြောက်ရွာမှ - ညှစ်ခံရငွေကျပ် တစ်သိန်း -- တို့ဖြစ်သည်။





Comment ရေးရန်

Rohingya Exodus