နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြက်ကျိန်းရွာမှ ရွာသား (၈) ဦးကို ရန်အောင်ပြင် အုပ်ချုပ်ရေးမှူးက လုပ်ခနည်းနည်းဖြင့် အတင်းအဓမ္မခိုင်း

MYARF

RB News
30.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အောင်စစ်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအငယ် သည် ယင်းကျေးရွာအုပ်စု၊ ကြက်ကျိန်းရွာမှ အောက်ဖော်ပြပါ ရွာသား နှစ်ဦး အပါအ၀င် (၈) ဦးကို သြဂုတ်လ (၂၈) ရက်နေ့တွင် ဆယ်အိမ်မှူး ဦးအာတာအုလ္လာ မှတဆင့် မလာမနေရ အမိန့်ဖြင့် ဆင့်ခေါ်ကာ ရန်အောင်ပြင် ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ သရက်သီးခြံတွင် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ ရွာသား (၈) ဦးကို တစ်နေကုန် သရက်သီးခြံတွင် အလုပ်လုပ်ခိုင်းခဲ့ပြီး ခြံအလုပ် ပြီးစီးသောအခါ ၎င်း၏ နွားတင်းကုတ်ရှိ နွားများ၏ နောက်ချေးများ သန့်ရှင်းရေး ပြုလုပ်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက  RB News သို့ပြောသည်။ 

အတင်းအဓမ္မ ခိုင်းစေ ခံခဲ့ရသူများမှာ -- 

(၁) ဦးဟာရှ်မောတ်အုလ္လာ (ဘ) ဦးအဒူကော်ရိမ်
(၂) ဦးမာဘူ (ဘ) ဦးဒူဘိုင်ဒူလ္လာ အပါအ၀င် (၈) ဦးတို့ ဖြစ်သည်။ 

တစ်နေကုန် အတင်းအဓမ္မ ခိုင်းစေပြီး ရေတစ်ခွက်ပင် မတိုက်ဘဲ နောက်ဆုံး အိမ်အပြန်တွင် ငွေကျပ် တစ်ထောင်စီ ပေးပြီး ပြန်လွှတ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus