နောက်ဆုံးသတင်း/ဆောင်းပါးများ

အောင်စစ်ပြင် အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ၆ တန်းကျောင်းသား ထံမှ ငွေ ၄ သိန်းခွဲညှစ်

MYARF
RB News
22.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောင်စစ်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ကြိမ်ချောင်း အ.ထ.က မှ ကျောင်းဆင်း၍ အိမ်ပြန်နေသည့် ရိုဟင်ဂျာကျောင်းသား တစ်ဦးကို ကျောင်းသူတစ်ဦးအား ရည်းစားစကား ပြောဆိုနေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၄ သိန်းခွဲ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၂၁) ရက်နေ့ ညနေ ၄း၂၀ နာရီအချိန်ခန့်တွင် မြို့မိချောင်း ကျေးရွာမှ ဦးဆွေတာမိန်၏ သားဖြစ်သူ ဆဌမတန်းတွင် ပညာသင်ကြားနေသူ အာရ်မာန်ရှောရိဖ်နှင့် အောင်စစ်ပြင် ကျေးရွာမှ ဦးဆော်လာမောတ်အုလ္လာ၏ သမီးဖြစ်သူ ဒသမတန်းတွင် ပညာသင်ကြားနေသူ မရာဟဲနာ တို့သည် ကြိမ်ချောင်း အ.ထ.က မှ ညနေချိန် ကျောင်းဆင်းပြီး အတူ အိမ်ပြန်နေစဉ် အောင်စစ်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဖုရုခ်အာမတ်က အာရ်မာန်ရှောရိဖ်က မရာဟဲနာကို ရည်းစားစကား ပြောဆိုနေသည်ဟု ယုတ္တိမရှိ စွပ်စွဲ၍ ၎င်း၏ ရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

အုပ်ချုပ်ရေးမှူးက ကျောင်းသားလေး အာရ်မာန်ရှောရိဖ် ထံမှ ငွေကျပ် ၄ သိန်းခွဲ ပေးမှ ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုရာ ကျောင်းသားလေးက ၎င်းတွင် အပြစ်မရှိသဖြင့် ငွေပေးရန် မလိုကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။ ထို့နောက် ငွေညှစ်၍ မရဖြစ်နေသည့် အုပ်ချုပ်ရေးမှူးက ကျောင်းသားလေးကို ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်ခဲ့သည်။ 

ကျောင်းသားလေးကို စခန်းတွင် တစ်ညလုံး လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်နေကြောင်း၊ ငွေကျပ် ၄ သိန်းခွဲပေးမှ ပြန်လည် လွှတ်ပေးမည်ဟူသည့် အကြောင်းကို အာရ်မာန်ရှောရိဖ်၏ မိဘနှစ်ပါးက ဖြစ်သူက သိရှိသွားပြီး၊ ၎င်းတို့၏ အိမ်ခြံမြေကို ရောင်းချကာ ငွေကျပ် ၄ သိန်းခွဲဖြင့် စခန်းသို့ သွားရောက်၍ စခန်းအတွက် ငွေကျပ် ၃ သိန်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အတွက် ငွေကျပ် တစ်သိန်းခွဲ ပေးကာ သားဖြစ်သူကို သြဂုတ်လ (၂၂) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် ပြန်လည် ရွေးယူခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။



Comment ရေးရန်

Rohingya Exodus