နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမှ ရွာနှစ်ရွာတွင် ကျောင်းသား/သူများ ဆက်လက် ပညာသင်နိုင်ရန် အကူအညီ လိုအပ်နေ

MYARF
RB News
20.8.2016

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပရိန်းရွာနှင့် ယိုင်သေရွာ တို့ရှိ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလူမျိုး များကို ၂၀၁၂ ခုနှစ် ပဋိပက္ခအပြီး ရွာအပြင်သို့ သွားခွင့် ပိတ်ပင်ထားခဲ့ရာ ကျောင်းသား/သူ များ၏ ပညာသင်ယူခွင့်ပါ ဆုံးရှုံးခဲ့ရသည်။ ထိုသို့ ကျောင်းသား/သူများ ပညာသင်ခွင့် ဆုံးရှုံးနေသည်ကို စာနာသည့် ခေတ်ပညာတတ် လူငယ် (၂၃) ဦးက နှစ်ရွာလုံးရှိ ကျောင်းသား ၈၈၃ ဦး၊ ကျောင်းသူ ၇၅၀ ဦး - စုစုပေါင်း ၁၆၃၃ ဦးကို ရွာအလိုက် စုစည်းပြီး အလယ်တန်း အဆင့်ထိ ပညာသင်ကြား ပေးလျက် ရှိသည်။


ထိုသို့ ပညာသင်ကြားပေးနေသော ဆရာ/မ များကို စားဝတ်နေရေး အတွက် စာနာထောက်ထားပြီး အလှူရှင် ဖြစ်သည့် Lutarial World Federation (LWF) က တစ်ဦးလျှင် လစဉ် ငွေကျပ် ရှစ်သောင်းနှုန်းဖြင့် ကူညီထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း ယခုနှစ် ဇွန်လမှ စ၍ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်သောကြောင့် ဆရာ/မ များ၏ နေ့စဉ် စားဝတ်နေရေး ကျပ်တည်းလာပြီး ဆက်လက် ပညာ သင်ကြားပေးနိုင်မည့် အခြေအနေ ရှိမည် မဟုတ်ကြောင်း ရွာသားများက RB News သို့ပြောသည်။ 

ရွာသားများက နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ စေတနာရှင် အလှူရှင်များက ကျောင်းသား/သူ များ၏ ပညာရေး အခြေအနေကို သိရှိနိုင်ရန်၊ လိုအပ်သည့် အကူအညီများ ဆက်လက် ရရှိရန် ကူညီပေးနိုင်သည့် အဖွဲ့အစည်းများက ကူညီပေးပါရန် တောင်းဆိုသည်ဟု ပြောပါသည်။

ကျောင်းသား/သူ များကို ပညာသင်ကြားပေးနေသည့် ဆရာ/မ များမှာ -- 

(၁) ဦးမောင်စိန်လှ (၂) ဦးအောင်မင်း (၃) ဦးသန့်ဇင် (၄) ဦးဟာဆောင်း (၅) ဦးကျော်ယဉ် (၁) (၆) ဦးကျော်ယဉ် (၂) (၇) ဦးသန့်ရွှေ (၁) (၈) ဦးသန့်ရွှေ (၂) (၉) ဦးရွှေသာ (၁၀) ဒေါ်ခင်စောရွှေ (၁၁) ဒေါ်လှမေ (၁၂) ဒေါ်အေးစိန် (၁၃) ဒေါ်စောသီဟ (၁၄) ဦးမောင်ကျော် (၁၅) ဦးမောင်သာဓု (၁၆) ဦးမောင်ချေ (၁၇) ဦးကျော်သိန်း အပါအ၀င် (၂၃) ဦး တို့ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus