နောက်ဆုံးသတင်း/ဆောင်းပါးများ

မန်ကျည်းချောင်းနှင့် ဂေါ်ဒူသာရမှ နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ဒေသခံများကို ဖမ်းဆီး ငွေညှစ်နေ

MYARF
RB News
16.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ဂေါ်ဒူသာရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲမှူး ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် နီးစပ်ရာ ကျေးရွာများသို့ သွားရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မန်ကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဂေါ်ဒူသာရ ကင်းစခန်းမှ တပ်ဖွဲ့ဝင်များကိုပါ ခေါ်ယူ၍ အနီးတ၀ိုက်ရှိ ကျေးရွာများ ဖြစ်ကြသည့် ဂေါ်ဒူသာရ၊ နူရူလ္လာ၊ ဘဂုံးနား၊ ပန်းတောပြင် စသည့် ကျေးရွာများသို့ နေ့ရောညပါ ၀င်ရောက်၍ BD ပြေး တရားခံများ လုပ်လံ ရှာဖွေ ဖမ်းဆီးရန်ဟု ဆိုကာ ရိုဟင်ဂျာများ၏ နေအိမ်များကို စီးနင်း ၀င်ရောက် ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

သြဂုတ်လ (၁၃) ရက်နေ့ ည ၁၂ နာရီခွဲခန့် အချိန်တွင် ဘဂုံးနား-တောင် ရပ်ကွက်မှ ရှောမ်ရှုတော်ဘောရိစ် (ဘ) ဦးအီဗြာဟိမ်း (အသက် ၂၅ နှစ်)၊ အနောက်ရွာမှ နူရုလ်အာမီးန် (ဘ) ဦးတာန်ဒါမျာ (အသက် ၂၅ နှစ်)၊ နူရူလ္လာ-အရှေ့ရွာမှ တစ်ဦးနှင့် ပန်းတောပြင်-ရွာသစ်မှ တစ်ဦးတို့ကို ဖမ်းဆီး၍ မန်ကျည်းချောင်း စခန်းတွင် ချုပ်နှောင် ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

သြဂုတ်လ (၁၄) ရက်နေ့ ညတွင် ခရေမြိုင် န.တ.လ ရွာတွင် လုံခြုံရေး တာဝန်ယူထားသော နယ်ခြားစောင့်ရဲများသည် နူရူလ္လာရွာ အနီး အရှေ့ဘက် လယ်ကွင်းသို့ ရောက်ရှိလာပြီး ဆင်များ လာရောက်၍ စပါးခင်းများ မဖျက်ဆီးနိုင်အောင် စောင့်နေသည့် မိုဟာမတ်အာမီးန် နှင့် နူရ်အာလောမ် (ဘ) ဦးမိုဟာမတ်နူရ် တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ 

ရွာသားများမှာ အိမ်တွင်လည်း မအိပ်နိုင်၊ စပါးခင်းလည်း မစောင့်နိုင်အောင်အထိ ရဲမှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ မတရားသဖြင့် အနိုင်ကျင့် သောင်းကျန်းလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus