နောက်ဆုံးသတင်း/ဆောင်းပါးများ

MPT တာဝါတိုင် ဆောက်ရန်အတွက် ရိုဟင်ဂျာတစ်ဦး၏ လယ်ယာမြေ သိမ်းဆည်း

Rohingya Eye
RB News
23.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ် ကျေးရွာအုပ်စု၊ ဟော်ရော်သော်လီ ကျေးရွာမှ မော်လ၀ီ ဟာရှိမ်း (ဘ) ဦးဒေါ်လူဟူဆောင်း၏ လယ်ယာမြေ ၀.၄၀ ဧက ကို မြန်မာ့ဆက်သွယ်ရေးမှ သိမ်းလိုက်ကြောင်း သတင်း ရရှိပါသည်။ 

မြင်းလွတ် ကျေးရွာအုပ်စု၊ ဟော်ရော်သော်လီရွာ အရှေ့ဘက်ရှိ မော်လ၀ီ ဟာရှိမ်း ပိုင်ဆိုင်သော လယ်ယာမြေ ၀.၄၀ ဧက ကို မြန်မာ့ ဆက်သွယ်ရေး (MPT) မှ တာဝါတိုင် ဆောက်လုပ်ရန် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်၏ အမိန့်ဖြင့် အတင်းအဓမ္မ သိမ်းယူလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

လယ်ယာမြေ၏ ပိုင်ရှင် ဖြစ်သူကို နစ်နာကြေး တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိဟု အဆိုပါ ဒေသခံက ပြောပါသည်။ မော်လ၀ီ ဟာရှိမ်းသည် ငွေကြေး ချို့တဲ့သူ တစ်ဦး ဖြစ်ပြီး လယ်ယာမြေဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်း နေရသူ တစ်ဦး ဖြစ်သည်။ 

သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရက လယ်ယာမြေများ ဆက်လက် မသိမ်းယူရန် တရားဝင် အမိန့် ထုတ်ပြန်ထားသော်လည်း ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်ယာမြေများကို ယခုအချိန်ထိ သိမ်းယူလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus