နောက်ဆုံးသတင်း/ဆောင်းပါးများ

အောင်စစ်ပြင် အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေညှစ်ရန် ကြိုးစားနေ

MYARF
RB News
5.9.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အောင်စစ်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအငယ်သည် ဒေသခံရိုဟင်ဂျာ (၃) ဦးကို ၎င်းနှင့် ပတ်သက်၍ မီဒီယာသို့ သတင်းပို့ပေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။ 

“အုပ်ချုပ်ရေးမှူး ဦးအငယ်ရဲ့ ခြိမ်းခြောက်မှုတွေကို ခံနေရတဲ့ အဲဒီလူ (၃) ဦးက မရှိဆင်းရဲသားတွေ ဖြစ်ပြီး စာတစ်ကြောင်းတောင်မှ ရေးတတ်တဲ့သူ မဟုတ်ဘူးဆိုတာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်သိလျက်နဲ့ အခုလို ခြိမ်းခြောက်ပြီး ငွေညှစ်ဖို့ ကြိုးစားနေတာက ရထားတဲ့ အာဏာနဲ့ ထင်ရာစိုင်းနေတာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ခြိမ်းခြောက်ခံနေရသည့် ရိုဟင်ဂျာ (၃) ဦးမှာ --

(၁) ဦးဖောကိရ်အာမတ် (ဘ) ဦးကာဆိမ်းအလီ (အသက် ၃၀ နှစ်)
(၂) ဦးဇာဖောရ်အာမတ် (ဘ) ဦးဘော်ရှိရ်အာမတ် (အသက် ၃၂ နှစ်)
(၃) ဦးအီဒီရိစ် (ဘ) ဦးဘော်ဒေါရုလ်ဟောက် (အသက် ၄၀ နှစ်) -- တို့ဖြစ်ကြသည်။

အုပ်ချုပ်ရေးမှူး ဦးအငယ်သည် ကြက်ကျိန်းရွာမှ ရိုဟင်ဂျာ (၈) ဦးကို သြဂုတ်လ (၂၈) ရက်နေ့က မသွားမနေ အမိန့်ဖြင့် ရုံးသို့ ဆင့်ခေါ်ကာ ရန်အောင်ပြင် ကျေးရွာရှိ အုပ်ချုပ်ရေးမှူးပိုင် သရက်သီးခြံတွင် အတင်းအဓမ္မ အလုပ်လုပ်စေခိုင်းခဲ့သည့် အပြင် ခြံအလုပ် ပြီးစီးသောအခါ ၎င်း၏ နွားတင်းကုတ်တွင် နွားချေး သန့်ရှင်းရေး လုပ်ခိုင်းခဲ့သည့် သတင်းတစ်ပုဒ်ကို သြဂုတ်လ (၃၀) ရက်နေ့က RB News တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းကိစ္စနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးက အငြိုးထား၍ မရှိဆင်းရဲသော သာမာန်ရွာသားများကို မတရားအနိုင်ကျင့်ပြီး ဓါးစာခံ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus