နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင်မှ နယ်ခြားစောင့်ရဲ များက ခရီးသွား ရိုဟင်ဂျာ များထံမှ ငွေညှစ်

Rohingya Eye
RB News
8.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်ရှေ့  စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာလျှင် ဗုဒ္ဓဘာသာဝင် များမှ အပင် ကျန်ဘာသာဝင်များကို ကားပေါ်မှဆင်းခိုင်းပြီး တန်းစီခိုင်းကာ ပါလာသည့် ယာယီသက်သေခံ လက်မှတ် အပ်နှံထားသည့် စာရွက်များကို နယ်ခြားစောင့်ရဲ များက သိမ်းဆည်း၍ ငွေကျပ် ငါးရာ၊ တစ်ထောင်စီ အတင်းအဓမ္မ ညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ရွာထွက်လက်မှတ် ထောက်ခံစာဖြင့် သွားလာနေသည့် ရိုဟင်ဂျာများထံမှလည်း ငွေကျပ် တစ်ထောင်စီ ညှစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် ရိုဟင်ဂျာများ၏ ဖုန်းများကို စစ်ဆေးပြီး နိုင်ငံခြား ဖုန်းနံပါတ် တွေ့လျှင် ငွေကျပ် နှစ်သောင်း အထက် ညှစ်သည်ဟု ဆိုသည်။

ပြည်နယ် ၀န်ကြီးချုပ် ဖြစ်သူ ဦးညီပု က ရခိုင်ပြည်နယ်သူ / သား များ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးသည် ပြည်နယ်အစိုးရ၏ မူဝါဒ တစ်ရပ်ဟု ပြောဆိုသော်လည်း အောက်ခြေတွင် နယ်ခြားစောင့်ရဲများ လူမိုက်ဆန်ဆန် ငွေညှစ်လျက် ရှိနေကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့် ယခုကဲ့သို့ ခရီးသွားပြည်သူများကို နှောက်ယှက် ငွေညှစ်နေသည်ကို အမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus