နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူ ကျေးရွာသို့ အသစ်ပြောင်းရွှေ့ လာသော နယ်ခြားစောင့်ရဲများက ဒေသခံများထံမှ ငွေညှစ်

Rohingya Eye

RB News
27.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ရွာကြီးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အသစ်ပြောင်းရွှေ့ လာသော နယ်ခြားစောင့်ရဲများသည် ရွာသားများအား အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၁၈) ရက်နေ့ နံနက် (၂) နာရီ အချိန်တွင် ရွာကြီးရွာရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ရွာအတွင်း ကင်းလှည့်နေစဉ် ကင်းစောင့်နေသော ဦးဆော်လိမ်မူလ္လာ (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၀ နှစ်) နှင့် ဦးရော်ရှိတ် (ဘ) ဦးအာမိရ်ဟူဆောင်း (အသက် ၃၅ နှစ်) တို့ကို အိပ်ပျော်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

စက်တင်ဘာလ (၂၂) ရက်နေ့ ည (၆)နာရီ အချိန်တွင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဦးနူရ်အာလောမ် (ဘ) ဦးဘာဆာမျာ (အသက် ၃၀ နှစ်) နှင့် ဦးအဒူလ်ဟာကိမ်း၏ ဇနီး ဒေါ်နူရ်ဂျာဟန် (အသက် ၅၀ နှစ်) တို့၏ နေအိမ်များသို့ သွားရောက်၍ နှစ်ဦးစလုံးကို ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နှစ်ဦးစလုံးကို တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲခဲ့သည်။ ကာယကံရှင် နှစ်ဦးစလုံးက အကြိမ်ကြိမ် ငြင်းဆိုသော်လည်း နယ်ခြားစောင့်ရဲများက လက်မခံသဖြင့် နောက်ဆုံးတွင် ငွေကျပ် ငါးသောင်းစီ ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ကျောက်ပန္ဒူ ကျေးရွာအုပ်စုတွင် တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲ များသည် ရွာသားများအား အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက် စော်ကားခြင်းများနှင့် ငွေညှစ်ခြင်းများ အမြဲတစေ ပြုလုပ်လေ့ရှိသည်။ 




Comment ရေးရန်

Rohingya Exodus