နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံတစ်ဦးထံမှ ငွေညှစ်

MYARF

RB News
2.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ရိုဟင်ဂျာတစ်ဦး ထံမှ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် အောင်စစ်ပြင် ကျေးရွာအုပ်စု ရီးဒါရွာမှ ဦးအဒူဇော်ဘောရ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၅၇ နှစ်) သည် စက်တင်ဘာလ (၁) ရက်နေ့ နံနက် ၈ နာရီခန့် အချိန်တွင် ကြိမ်ချောင်းဈေးမှ ဈေးဝယ်၍ အိမ်ပြန်နေစဉ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းအနီးသို့ ရောက်သောအခါ တပ်ဖွဲ့ဝင် အချို့က စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ရပ်တန့်ခိုင်းခဲ့သည်။ ၎င်းအား ရှာဖွေပြီး တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းအား Malteser NGO မှ အမျိုးသမီးများကို ထောက်ပံ့နေသော ကျန်းမာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ အရောင်းအ၀ယ် ပြုလုပ်နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင်ရန် ပြုလုပ်ခဲ့သည်။

၎င်းသည် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိသော်လည်း ချုပ်နှောင် ထိန်းသိမ်းခံခဲ့ရပါက ရာနှင့်ချီသော ရိုဟင်ဂျာများကဲ့သို့ မဟုတ်မမှန် အမှုဆင်ခံရပြီး ကြီးမားသော ငွေကြေး ပမာဏ ညှစ်ခံရတော့မည်ကို စိုးရိမ်၍ နယ်ခြားစောင့်ရဲ များကို ငွေကျပ် သုံးသောင်း ပေး၍ လွတ်မြောက် လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus