နောက်ဆုံးသတင်း/ဆောင်းပါးများ

နွားကျောင်းနေသည့် ရိုဟင်ဂျာ ဆယ်ကျော်သက်တစ်ဦး ဓါးဖြင့်ခုတ်ခံရ

MYARF
RB News
27.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း သိမ်တောင်ပြင် ကျေးရွာမှ နွားကျောင်းနေသည့် ရိုဟင်ဂျာ ဆယ်ကျော်သက်တစ်ဦးကို ဒိုင်းနက်လူမျိုး ဦးသန်လှချေက ဓါးဖြင့် ခုတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၂၃) ရက်နေ့ ညနေ (၄) နာရီ အချိန်ခန့်တွင် သိမ်တောင်ပြင် ကျေးရွာမှ အေနာမုလ်ဟာဆောင်း (ဘ) ဦးအစ္စလာမ် (အသက် ၁၄ နှစ်) သည် ၎င်း၏ မိသားစုပိုင် စားကျက်မြေတွင် နွားကျောင်းနေခဲ့သည်။ ထိုစဉ် ၎င်းကျောင်းနေသည့် နွားမှာ ရုတ်တရက် ထွက်ပြေးသွားရာ နောက်မှ ထပ်ချပ်မကွာ လိုက်သော်လည်း နွားသည် ဒိုင်းနက်လူမျိုး ဦးသန်လှချေ (ဘ) ဦးမောင်သာနု (အသက် ၅၂ နှစ်) ပိုင်ဆိုင်သော စားကျက်မြေထိ ရောက်ရှိသွားခဲ့သည်။ 

စားကျက်မြေ ပိုင်ရှင် ဦးသန်လှချေက နွားကျောင်းနေသည့် ဆယ်ကျော်သက်နဲ့ နွားကို တွေ့သောအခါ “ငါ -ိုးမကောင် မင်းတို့ဘာလို့ ငါ့စားကျက်မြေပေါ် နွားကျောင်းနေတာလဲ” ဟု ညစ်ညမ်းစွာ ဆဲဆိုပြီးနောက် ချက်ချင်းဆိုသလို ခေါင်းကို ဓါးဖြင့် ပြင်းထန်စွာ ခုတ်ခဲ့သည်။ 

ဦးသန်လှချေ၏ ဓါးဖြင့်ခုတ်မှုကြောင့် ဆယ်ကျော်သက် လူငယ်လေး၏ နားရွက် အပေါ်ပိုင်း ဦးခေါင်းပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး၊ ယခုအခါ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိသော်လည်း ကျန်းမာရေး အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် အသက် ဆုံးရှုံးသွားမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ညစ်ညမ်းစွာ ဆဲဆို၍ ဓါးဖြင့်ခုတ်သည့် ဦးသန်လှချေသည် ရခိုင်တပ်မတော် (AA) ဖြင့် ဆက်နွယ်မှု ရှိသည်ကို အကြောင်းပြ၍ ဒေသခံ ရိုဟင်ဂျာများကို မကြာခဏဆိုသလို ခြိမ်းခြောက်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ရန်ရှာခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများ၏ ပြောကြားများအရ သိရှိရသည်။ 




Comment ရေးရန်

Rohingya Exodus