နောက်ဆုံးသတင်း/ဆောင်းပါးများ

သေဆုံးသူကို သဂြိုဟ်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုထံမှ ငွေညှစ်

RB News
2.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖုံညိုလိပ်ကျေးရွာအုပ်စုမှ အဆိပ်သောက် သေဆုံးသွားသော လူငယ်ကို မြေမြှပ်သဂြိုဟ်ရန် အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒုတာဝန်ခံ တစ်ဦးက မိသားစုထံမှ ငွေညှစ်ခဲ့သည်။

ဖုံညိုလိပ်ကျေးရွာမှ မောင်ဂျာဟန်ဂိရ် (ဘ) ဆရာဦးဆုလ်တာန်သည် စက်တင်ဘာလ (၂၃) ရက်နေ့ ညပိုင်းတွင် အဆိပ်သောက် သေဆုံးသွားခဲ့သည်။

သေဆုံးသွားခြင်း ပတ်သက်၍ ဖခင်ဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဝင်း ကို အကြောင်းကြားရာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက မြေမြှပ်သဂြိုဟ်ခွင့်ရရန် အတွက် ငွေကျပ် သိန်း ၂၀ ပေးရမည်ဟု တောင်းခံသည်။ နောက်ဆုံးတွင် ညှိနှိုင်း၍ ငွေကျပ် ၁၀ သိန်း ပေးမှသာ မြေမြှပ်သဂြိုဟ်ခွင့်ပေးသဖြင့် ဖုံညိုလိပ်ကျေးရွာတွင် သဂြိုဟ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ညှစ်ယူသည့် ငွေကျပ် ၁၀ သိန်းမှ နှစ်သိန်းကို လေးမြို့ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးကို ပေးခဲ့သည်ဟု သိရသည်။

ကျေးရွာ၏ ဒု-တာဝန်ခံဖြစ်သူ ရော်ဖိခ်ကလည်း ၎င်းကိုလည်း ငွေပေးရမည်ဟု ဆိုသဖြင့် သေဆုံးသွားသူ၏ ဖခင်ဖြစ်သူက ငွေကျပ် နှစ်သိန်း ပေးခဲ့ရသည်။

ဖုံညိုလိပ်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒု-တာဝန်ခံ တို့သည် ရွာသားများကို မဟုတ်မမှန် စွပ်စွဲပြီး မကြာခဏ ငွေညှစ်လေ့ရှိပြီး၊ ယခုလည်း သေဆုံးသွားသူ တစ်ဦး မြေမြှပ်သဂြိုဟ်ရန် ငွေညှစ်ခြင်းမှာ အတိုင်းထက် အလွန်ပြုလုပ်နေခြင်း ဖြစ်၍ အထက်အာဏာပိုင်များမှ ကျေးရွာအုပ်ချုပ်ရေး အာဏာကို အလွဲသုံးစား ပြုလုပ်နေသူ နှစ်ဦးကို စီစစ်၍ အရေးယူပေးရန် ကျေးရွာသားများက တောင်းဆိုနေကြသည်။




Comment ရေးရန်

Rohingya Exodus