နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင် အလယ်ရွာမှ ရိုဟင်ဂျာများ၏ ဆိုင်ခန်းများကို နယ်ခြားစောင့်ရဲများနှင့် နတလ ရွာသားများ လုယက်

RB News
17.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာရှိ ဒေသခံ ရိုဟင်ဂျာများ၏ ဆိုင်ခန်းမှ ပစ္စည်းများကို နယ်ခြားစောင့်ရဲများနှင့် အောင်ဇေယျ ရွာမှ န.တ.လ ရွာသားများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်မှ စ၍ ည (၆) နာရီထိ ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာနှင့် ကပ်လျက် လမ်းပေါ်ရှိ ဆိုင်ခန်းများမှ ပစ္စည်းများကို နယ်ခြားစောင့်ရဲများနှင့် အောင်ဇေယျရွာမှ န.တ.လ ရွာသားများက လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

လုယက်ခံရသည့် ဆိုင်တန်းများတွင် အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ကွန်ပျူတာဆိုင်၊ စားကုန်ဆိုင်၊ အလှကုန်ဆိုင်နှင့် လဘက်ရည်ဆိုင်များ ပါဝင်သည်။ နယ်ခြားစောင့်ရဲများနှင့် အောင်ဇေယျ ရွာမှ န.တ.လ ရွာသားများမှ ဆိုင်ခန်းတံခါးများကို ရိုက်ချိုး၍ လုယက်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့ လုယက်၍ ပစ္စည်းများကို သယ်ဆောင်နေစဉ် လူမူကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ၀န်ကြီးနှင့် အဖွဲ့ ကားများဖြင့် ဖြတ်သွားစဉ် လုံခြုံရေးယူထားသကဲ့သို့ ဟန်ဆောင်နေခဲ့ပြီး၊ ကားတန်း ကျော်သွားသည်နှင့် ဆက်လက်၍ လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ပစ္စည်းများကို လုယက်ပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်ဘက်သို့ ကားဖြင့် တင်ဆောင်သွားကြောင်း သိရှိရသည်။ 

လုယက်ခံရသည့် ဆိုင်ခန်းများမှ ဆိုင်ပိုင်ရှင်အချို့မှာ -- 

(၁) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဖော်ယောစ်အာမတ်
(၂) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဆော်ယောဒ်အုလ္လာ
(၃) ဦးအေနာယာဒ်အုလ္လာ (ဘ) မော်လ၀ီဦးအဒူရော်ရှိတ်
(၄) ဦးမာမတ်ရော်ရှိတ် (ဘ) ဦးဇာဟဲရ်အာမတ် -- တို့ဖြစ်သည်။ 





Comment ရေးရန်

Rohingya Exodus