နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ငကျဉ်တောက်မှ ဒေသခံရိုဟင်ဂျာ ၃ ဦးကို စစ်သားတစ်ဦးက ဓါးဖြင့်ခုတ်


RB News
18.10.2016


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို စစ်သားတစ်ဦးက ယနေ့ ညနေပိုင်းတွင် ဓါးဖြင့်ခုတ်သဖြင့် (၂) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် ငကျဉ်တောက် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးသည် ယနေ့ အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ ၅း၄၅ မိနစ်အချိန်တွင် ငကျဉ်တောက်ဈေးမှ ပြန်လာနေစဉ် တပ်ရင်း (၅၃၅) မှ စစ်သားတစ်ဦးက ဓါးဖြင့် လိုက်ခုတ်ရာ (၂) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ကျန်တစ်ဦးမှာ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News ခဲ့သည်။ 

ဒဏ်ရာပြင်းထန်စွာ ရရှိသူနှစ်ဦးမှာ သားအမိနှစ်ဦး ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ အခြားလူငယ်တစ်ဦး ဖြစ်သည်။ 

ဘူးသီးတောင်မြို့နယ်တွင် အခြေအနေ အားလုံး တည်ငြိမ်အေးချမ်းလျက် ရှိသော်လည်း ကောလဟလများ ဖန်တီး၍ တည်ငြိမ်မှု ပျက်ပြားအောင် ပြုလုပ်ခြင်း ရှိခဲ့သည်။ သို့သော်လည်း ဒေသခံရိုဟင်ဂျာများက အခြေအနေကို နားလည်သဘောပေါက်ပြီး ထိန်းသိမ်း၍ နေခဲ့သဖြင့် ယခုအခါ စစ်သားများကိုယ်တိုင် ဒေသခံများကို ဓါးဖြင့် လိုက်ခုတ်၍ တည်ငြိမ် ပျက်ပြားအောင် ပြုလုပ်နေသည်ကို တွေ့ရှိရသည်။


ဓါးဖြင့်ခုတ်ခံရသည့် ဒေသခံတစ်ဦး

Comment ရေးရန်

Rohingya Exodus