နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့မကညင်တန်း လူကုန်ကူးမှု တားဆီးရေး အဖွဲ့က ဒေသခံ (၇) ဦးထံမှ ငွေညှစ်

Rohingya Eye
RB News
7.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း အခြေစိုက် လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စန်းမင်းနှင့် အဖွဲ့သည် ဒေသခံ ရိုဟင်ဂျာ (၇) ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မြို့မကညင်တန်း အခြေစိုက် လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စန်းမင်း၊ တပ်ကြပ်စိုးတင်နှင့် ဒုတပ်ကြပ်တင်ထွန်း တို့သည် မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း ကျေးရွာသို့ သွားရောက် ဒေသခံ (၇) ဦးကို ဖမ်းဆီးရန် နေအိမ်များတွင် ရှာဖွေခဲ့သည်။ သို့သော်လည်း ဖမ်းဆီးရန် လိုက်ရှာသူများကို မတွေ့ရှိသဖြင့် ဖမ်းဆီး၍ မရခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသခံ (၇) ဦးတို့သည် လူကုန်ကူးသူများ မဟုတ်ဘဲ ကျေးရွာမှ ဥက္ကဌဟောင်း ဦးဆီရာဇူလ္လာ တာဝန်ထမ်းဆောင်စဉ်က ၎င်း၏ ပြိုင်ဘက်များကို လူကုန်ကူးသူများဟု ရဲအုပ်စန်းမင်းထံ မဟုတ်မမှန် သတင်းပေးထားခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဒေသခံ (၇) ဦးသည် ၎င်းတို့အား ဖမ်းဆီးခြင်း မပြုလုပ်ရန် အတွက် ရဲအုပ်စန်းမင်းအား ငွေပေးခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။

ရဲအုပ်စန်းမင်းနှင့် အဖွဲ့သည် မသိနားမလည်သူများကို လူကုန်ကူးသည်ဟု စွပ်စွဲ၍ မကြာခဏ ငွေညှစ်လျက် ရှိပြီး၊ အမှန်တကယ် လူကုန်ကူးသည့် ပွဲစားများထံမှ ဆက်ကြေးယူ၍ လွှတ်ပေးထားကြောင်း၊ အထက်အာဏာပိုင်များ အနေဖြင့် စီစစ်၍ အရေးယူသင့်ကြောင်း ဒေသခံများက ဆိုသည်။

ရဲအုပ်စန်းမင်းက မဖမ်းဆီးရန်အတွက် အောက်ပါ ဒေသခံ (၇) ဦးက ငွေကျပ် တစ်သိန်း ငါးသောင်း စီ ပေးခဲ့ရသည်။

(၁) ဦးဇိုက်တူလ္လာ (ဘ) ဦးအဘူတာဟဲရ် (အသက် ၂၈ နှစ်)
(၂) ဦးဟာဘီဘူရာမန် (ဘ) မော်လ၀ီအဒူရှကူရ် (အသက် ၃၅ နှစ်)
(၃) ဦးအဘူကာလာမ် (ဘ) ဦးအာရှောရောဖ်မျာ (အသက် ၅၀ နှစ်)
(၄) မော်လ၀ီမာမတ်အာယာစ် (ဘ) မော်လ၀ီအဒူဆလာမ် (အသက် ၂၉ နှစ်)
(၅) ဦးကော်ရီမုလ္လာ (ဘ) ဦးအဒူမောဂျိတ် (အသက် ၅၀ နှစ်)
(၆) ဦးဖေရုစ် (ဘ) ဦးအလီဇူဟာရ် (အသက် ၂၇ နှစ်)
(၇) ဦးဖွေယာစ် (ဘ) ဦးယာရ်မိုဟာမတ် (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus