နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုမှ အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦးကို ရိုက်နှက် ငွေလုယက်၍ ဖမ်းဆီးထား

MYARF

RB News
2.10.2016

တောင်ပြိုလက်ဝဲမြို့ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ကွမ်းသီးပင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီး ရိုက်နှက် ထိုးကြိတ်၍ ငွေကျပ် ၁၆၀၀၀ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးအပါအ၀င် တပ်ဖွဲ့ဝင် (၅) ဦးသည် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကွမ်းသီးပင်ကျေးရွာအုပ်စု မဲဒီရွာတွင် ကင်းလှည့်ပြီး အပြန်တွင် ကွမ်းသီးပင် အရှေ့ရွာ၌ ရွာသားနှစ်ဦး စကားများနေစဉ် ကြားမှ လူတစ်ဦး ၀င်ရှင်းနေသည်ကို မြင်တွေ့ခဲ့သည်။ နယ်ခြားစောင့်ရဲ များက ထိုရွာသား (၃) ဦးကို ခေါ်သည့်အခါ စကားများနေသူ နှစ်ဦး ထွက်ပြေးသွားခဲ့ပြီး ကြားမှ ၀င်ရှင်းပေးနေသူနှင့်သာ ဆုံခဲ့သည်။ နယ်ခြားစောင့်ရဲများက ထိုသူကို ဖမ်းဆီးပြီး ကြိုးဖြင့်ချည်၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ကြားဝင် ဖြေရှင်းပေးနေသူမှာ ကွမ်းသီးပင် ရွာသား နော်ဘီဟူစိန်း (ဘ) ဦးရာဟ်မောတ်အုလ္လာ (အသက် ၂၆ နှစ်) ဖြစ်ပြီး၊ ၎င်းကို ကြိုးဖြင့်တုတ်၍ ကင်းစခန်းသို့ ခေါ်ဆောင် သွားနေစဉ် ရွာလယ်မှ ဖြတ်၍ ခေါ်သွားနေသည်ကို ရပ်ရွာလူကြီးများက တွေ့သောအခါ နယ်ခြားစောင့်ရဲ များကို နော်ဘီဟူစိန်းသည် ရိုးသားသော ဆင်းရဲသား တစ်ဦးဖြစ်ကြောင်း၊ မိသားစုအတွက် ညစာ ဆန်ဝယ်ရန် သွားနေသူဖြစ်၍ ၎င်းကို ဖမ်းဆီးထားလျှင် ၎င်း၏ မိသားစုဝင်များ အားလုံး ငတ်နေမည် ဖြစ်ကြောင်း အကြိမ်ကြိမ် တောင်းပန်၍ ပြောသော်လည်း လွှတ်မပေးဘဲ ဆက်လက်၍ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နော်ဘီဟူစိန်းကို ထိုးကြိတ် ရိုက်နှက်၍ ပါရှိသည့် ငွေသား ၁၆၀၀၀ ကိုလည်း နယ်ခြားစောင့်ရဲများက လုယက်လိုက်ပြီး ယခုအချိန်ထိ ချုပ်နှောင်ထားသည်ဟု ဒေသခံများက ဆိုသည်။ 



Comment ရေးရန်

Rohingya Exodus