နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော အခြေအနေကို အခွင့်ကောင်းယူ၍ ဘူးသီးတောင် အာဏာပိုင်များက အပြစ်မဲ့များကို ဖမ်းဆီး ငွေညှစ်

MYARF

RB News
22.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များက ဖရုံချောင်းရွာမှ မျက်နှာဖုံးများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးသည် ဖရုံချောင်းကျေးရွာအုပ်စု အတွင်းသို့ ၀င်ရောက်လာပြီး ဆိုင်တွင် ထိုင်နေသည့် ကျောင်းဆရာ ဦးမောင်မောင်ခ (ဘ) ဦးဇော်ကော်ရီယာ (အသက် ၃၀ နှစ်) တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ လက်ထိပ်ခတ် ဖမ်းဆီးခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက ရွာမျက်နှာဖုံး လူကြီး (၅) ဦးကို ဖုန်းဆက်၍ ဆွေးနွေးရန် ရှိသည်ဟုဆိုကာ ဆင့်ခေါ်၍ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

စခန်းသို့ ရောက်သည်နှင့် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှုနှင့် ဆက်နွယ်နေသည်ဟု ဆိုကာ (၆) ဦးစလုံးကို ချုပ်နှောင် ထားခဲ့သည်။ ညနေ နေ၀င်ချိန်တွင် ရွာမျက်နှာဖုံး လူကြီး (၅) ဦးကို အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျောင်းဆရာ ဦးမောင်မောင်ခ ကို တစ်ညလုံး လူမျိုး၊ ဘာသာခွဲခြားသည့် စကားများ ပြောဆိုပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ယနေ့ အောက်တိုဘာလ (၂၂) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ရွာမျက်နှာဖုံး လူကြီး (၅) ဦးကို စခန်းသို့ ပြန်လာရန် မှာထားသဖြင့် ၎င်းတို့ ၅ ဦးစလုံး စခန်းသို့ ရောက်ရှိသွားခဲ့သည်။ စခန်းသို့ ရောက်သည်နှင့် နယ်ခြားစောင့်ရဲများက အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။ ထို့နောက် ကျောင်းဆရာ ဦးမောင်မောင်ခ ထံမှလည်း ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ငွေညှစ်ခံရသည့် ပမဏကို ကာယကံရှင်များက ပြောဆိုခြင်း မရှိသေးဟု ဒေသခံများက ဆိုသည်။

ငွေညှစ်ခံရသည့် ရွာမျက်နှာဖုံး လူကြီး (၅) ဦးမှာ --

(၁) မော်လ၀ီဦးအဒူဂေါ်နီ
(၂) ဦးအဒူမူနာဖ် (အတွင်းရေးမှူးဟောင်း)
(၃) ဦးမာမတ်အလီ (အဖွဲ့ဝင်ဟောင်း)
(၄) မော်လ၀ီဦးမာမတ်ရှောဖီ
(၅) ဦးအီဆုပ် (ရာအိမ်မှူး) တို့ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus