နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုန်းကြီးအချို့နှင့် ရခိုင်လူမျိုး အချို့ထံမှ သေနတ် နှစ်လက်နှင့် ဓါးရှည်များ ရရှိသော်လည်း နယ်ခြားစောင့်ရဲများက မဖမ်းဆီး

MYARF

RB News
18.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်တွင် လုံခြုံရေးတာဝန်ချထားသည့် ရေတပ်က ဘုန်ကြီးအချို့နှင့် ရခိုင်လူမျိုးအချို့ ဦးဆောင်၍ ကြံပြင်ရခိုင်ကျေးရွာသို့ လှူဒါန်းရန် သယ်ဆောင် သွားနေသည့် ဆန်အိတ်တင် စက်လှေပေါ်တွင် ပစ္စတို သေနတ် နှစ်လက်နှင့် ဓားရှည်ရာကျော် တို့ကို ဖမ်းဆီးရမိ၍ P.O.E စခန်းခေါ် အမှတ်(၁) အဝင်/အထွက် စခန်းသို့ အပ်နှံခဲ့သော်လည်း P.O.E စခန်းမှ နယ်ခြားစောင့်ရဲများက သယ်ဆောင်လာသူများကို မဖမ်းဆီးဘဲ လွှတ်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၁၈) ရက်နေ့၊ နေ့လည် ၃ နာရီခန့်အချိန်တွင် အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးအချို့နှင့် ရခိုင်လူမျိုး ၂၀ ဦးခန့်တို့သည် ကြံပြင်ရခိုင်ကျေးရွာ အတွက် လှူဒါန်းရန် ဆန်အိတ်များကို P.O.E စခန်းခေါ် အမှတ်(၁) အဝင်/အထွက် စခန်းအနီးရှိ ဆိပ်ကမ်းမှ စက်လှေတစ်စီးဖြင့် သယ်ဆောင်သွားနေစဉ် နတ်မြစ်တွင် လုံခြုံရေးတာဝန်ချထားသည့် မြန်မာရေတပ်က အဆိုပါ စက်လှေကို စစ်ဆေးခဲ့သည်။ ဆန်အိတ်အောက်၌ ပီနံအိတ် နှစ်အိတ်တွင် ထည့်ထားသည့် ဓားရှည်ရာကျော်နှင့် ဆန်အိတ်များထဲတွင် ပစ်စတို သေနတ် နှစ်လက် တို့ကို စစ်ဆေး တွေ့ရှိခဲ့သည်။ ထို့အပြင် ဓာတ်ဆီ ၂ ဂါလံလည်း စက်လှေပေါ်တွင် တွေ့ရှိခဲ့သည်။ ထို့ကြောင့် ရေတပ်က အဆိုပါ စက်လှေကို သွားခွင့်မပြုဘဲ P.O.E စခန်းကို အပ်နှံလိုက်သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

စက်လှေကို ရေတပ်က P.O.E သို့ အပ်နှံပြီး ပြန်သွားသည့်အခါ P.O.E စခန်းမှ နယ်ခြားစောင့် ရဲများက စက်လှေပေါ်က လူများကို ပြန်လွှတ်ပေးလိုက်ပြီး စက်လှေကို ထိန်းသိမ်းထားခဲ့သည်။ ထိုအကြောင်းကို စစ်တပ်မှ သတင်းရ၍ ညနေပိုင်းတွင် စက်လှေနှင့်အတူ လိုက်ပါခဲ့သူများထဲက ၃ ဦးကို ဖမ်းဆီး၍ စစ်ဆေးမေးမြန်းနေသည်ဟု သိရှိရသည်။ စက်လှေပေါ်တွင် လိုက်ပါခဲ့သူများထဲတွင် အမှတ်(၃) ရပ်ကွက်မှ ရခိုင်ဒေသခံ အချို့လည်း ပါနေကြောင်း အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။

မောင်တောမြို့ပေါ်က ဒေသခံတစ်ဦးက "သူတို့က လှူဒါန်းဖို့ သွားတယ် ဟန်ဆောင်ပြီး လက်နက်တွေ ဖြန့်နေတာပါ။ ဓားရှည်တွေ ဆိုတာက သုံးပေကျော်ရှည်တဲ့ ဓားရှည်တွေ။ အခု စစ်တပ်က ရိုဟင်ဂျာ အိမ်တွေကို ဝင်စစ်နေတုန်း ၁ ပေကျော်ခန့် ရှိတဲ့ အိမ်သုံး ဓားတွေ့ရင်တောင် အကြမ်းသမားဆိုပြီး ဖမ်းဆီးနေတာ။ နိုင်ငံပိုင် မီဒီယာတွေမှာတောင် တွေ့ရတယ်။ ရခိုက်ဖက်က ခဏခဏ လက်နက်တွေ မိတာပဲ။ သူတို့ဟာကျရင် နိုင်ငံပိုင် သတင်းဌာနမှာ မပြောနဲ့ ဘယ်မီဒီယာမှာမှ မတွေ့ရဘူး။ ဒီနိုင်ငံမှာ ဥပဒေက လူမျိုးဘာသာ ခွဲခြားတတ်တာဆိုတာ အထင်းသားပဲ။ အလိုတော်ပြည့် ဘုန်ကြီးက ပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားနေသလားမသိဘူး။ ပဋိပက္ခ ဖြစ်ရင် အဲ့ဒီကျောင်းက ဆရာတော်က မူးယစ်ဆေးပြားတွေ ရောင်းဝယ်လို့ အင်မတန် အဆင်ပြေတယ်။ လူတွေကို ကူညီိယောင်ဆောင်ပြီး မူးယစ်ဆေးပြားတွေ ရောင်းဖို့ အကွက်ဆင်နေတာ။ အလိုတော်ပြည့်ဆရာတော်က မောင်တောမှာ မူးယစ်ဒိုင်လေ။ ဘာဘဲဖြစ်ဖြစ် ဒေသအာဏာပိုင်တွေက ပဋိပက္ခတွေ မဖြစ်အောင် လူမျိုးဘာသာမရွေး ဥပဒေ ထိန်းညှိသင့်ပါတယ်" ဟု RB News သို့ပြောသည်။

သတင်းအချက်အလက် အချို့ကို Rohingya Eye မှ ပေးပို့သည်။




Comment ရေးရန်

Rohingya Exodus