နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင်များက ဟိန္ဒူများကို အသုံးချ၍ ရိုဟင်ဂျာများကို အကွက်ဆင် သတ်ဖြတ်ရန် ကြိုးစားနေ

MYARF
RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အာဏာပိုင်များက ဟိန္ဒူလူမျိုးများကို မွတ်စလင် အယောင်ဆောင်၍ ကြွေးကြော်မှုများ ပြုလုပ်စေပြီး ဒေသခံရိုဟင်ဂျာများကို ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်နိုင်ရန် စီစဉ်နေသည်ဟု သတင်း ရရှိပါသည်။ 

အစ္စလာမ် ဘာသာရေး ဆရာများ ဝတ်ဆင်လေ့ရှိသည့် ကုရ်သာဝတ်ရုံရှည်နှင့် ဦးထုပ်များကို ဟိန္ဒူများအား ဝတ်ဆင်စေပြီး လမ်းပေါ်ထွက်၍ ရိုဟင်ဂျာဘာသာစကားဖြင့် တိုက်ပွဲဆင်နွဲရန် ကြွေးကြော်သည့်ပုံစံမျိုးကို ဒယနေ့ညတွင် ပြုလုပ်ရန် မောင်တော အာဏာပိုင်များက စီစဉ်နေသည်ဟု ဟိန္ဒူဘာသာဝင် တစ်ယောက်ထံမှ သိရှိရပါသည်။

ဒသခံရိုဟင်ဂျာ တစ်ဦးက “ဟိန္ဒူတွေကို မွတ်စလင် အယောင်ဆောင်ခိုင်းပြီး တိုက်ပွဲဆင်နွဲဖို့ ကြွေးကြော်ခိုင်းမယ်လို့ သတင်းထွက်ပေါ်နေတာပါ၊ ဒီသတင်းက အခုညနေပိုင်းမှာ မောင်တောမြို့ပေါ်တစ်ဝိုက် တော်တော်ကို လှုပ်ခတ်နေတယ်” ဟုအတည်ပြု ပြောကြားသည်။

ဟိန္ဒူလူမျိုးများကို မွတ်စလင် အယောင်ဆောင်ခိုင်း၍ ကြွေးကြော်မှု ပြုလုပ်စေဖို့ မောင်တော အာဏာပိုင်များ စီစဉ်နေခြင်း၏ အဓိက ဖြစ်နိုင်ခြေ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေကို ဒေသခံတစ်ဦးကို မေးကြည့်သောအခါ 

“- သူတို့အဲ့လို ကြွေးကြော်ချိန် အာဏာပိုင်တွေက ရိုဟင်ဂျာတွေ ဂျီဟတ်လုပ်ဖို့ လမ်းပေါ်ထွက် ကြွေးကြော်တယ်ဆိုတဲ့ဟာကို ဗီဒီယို မှတ်တမ်းတင်ဖို့၊

- ရိုဟင်ဂျာတွေကိုလည်း လမ်းပေါ် ထွက်လာဖို့ လှုံ့ဆော်ပေးဖို့၊

- တကယ်လို့ ရိုဟင်ဂျာတွေ လမ်းပေါ်ထွက်လာရင် စစ်တပ်က ပစ်ခတ်သတ်ဖြတ်နိုင်ဖို့၊

- ပြီးတော့ အပြစ်မဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးဖို့၊

- မောင်တောမြို့ပေါ်က ရိုဟင်ဂျာတွေ ပိုင်ဆိုင်တာတွေကို လုယက်နိုင်ဖို့၊

ဒီရည်ရွယ်ချက်တွေနဲ့ စီစဉ်တာ ဖြစ်ပါတယ်" ဟူ၍ သူ၏ အမြင်ကို ပြောပြသည်။

အကယ်၍ ဤကဲ့သို့ ဖြစ်လာခဲ့လျှင် ဒေသခံ ရိုဟင်ဂျာများ အနေဖြင့် မိမိအိမ်ထဲမှ အပြင်မထွက်ကြပါရန်လည်း အဆိုပါ ဒေသခံက ထပ်လောင်း ပြောကြားသည်။

လမ်းပေါ်ထွက်၍ တိုက်ပွဲဆင်နွဲရန် ကြွေးကြော်ခဲ့လျှင် ၎င်းတို့သည် ရိုဟင်ဂျာများ မဟုတ်ဘဲ ဟိန္ဒူဘာသာဝင်များကို မောင်တော အာဏာပိုင်များက လုပ်ဆောင်ခိုင်းခြင်းသာ ဖြစ်သည်ကို သတိပြုရန် အသိပေးခြင်းဖြစ်သည်။

နောက်ဆုံးသတင်းအရ ယခု ညနေ ၉ နာရီခွဲ ကျော်ခန့်အချိန်တွင် မောင်တော ပြည်သူ့ဆေးရုံရှေ့၌ ဟိန္ဒူဘာသာဝင်များ စတင်စုရုံးနေသည်ဟု သတင်းရရှိပါသည်။



Comment ရေးရန်

Rohingya Exodus