နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဂူတာပြင် ကျောက်ဆည်ဒိုင် နယ်ခြားစောင့် ကင်းစခန်းမှူးက ဒေသခံများထံကို ရိုက်နှက်၍ ငွေညှစ်

MYARF
RB News
28.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဂူတာပြင် ကျေးရွာအုပ်စု၊ ကျောက်ဆည်ဒိုင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို အခွင့်ကောင်းယူ၍ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင် ကျေးရွာအုပ်စု၊ ကျောက်ဆည်ဒိုင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးသည် အောက်တိုဘာလ (၂၇) ရက်နေ့ ည ၆း၃၀ နာရီအချိန်တွင် အရက်သေစာ သောက်စား၍ တပ်ဖွဲ့ဝင် (၅) ဦးနှင့် အတူ ဂူတာပြင်ရွာသို့ ရောက်ရှိလာပြီး မိမိ၏ ခြံဝင်းထဲတွင် ရပ်နေသော ဦးအီဆုပ် (ဘ) ဦးအဒူရော်ရှိတ် (အသက် ၄၅ နှစ်) ကို တွေ့ပြီး အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် ရွာကင်းစောင့်ရန် လာနေသည့် ဦးနူရ်အာမီးန် (ဘ) ဦးအာလီမီဆီရီး (အသက် ၄၃ နှစ်) ကို တွေ့ရှိသောအခါ ည ၆ နာရီမှစ၍ ကင်းစောင့်ရမည်ဟု ပြောဆိုကာ ရိုက်နှက်၍ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ အောက်တိုဘာလ (၂၆) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် ဂူတာပြင် တောင်ပေါ်တွင် နေထိုင်သည့် မော်လ၀ီ ဦးဂျာကဲရ် (ဘ) ဦးနော်ဇူမျာ (အသက် ၂၉ နှစ်) က ၎င်း၏ အိမ်တလင်းပြင်ကို ညီညာအောင် တူးနေသည်ကို ပေါက်တူး နှစ်လက်ဖြင့် တွေ့သည်ဟု ဆိုကာ ပေါက်တူး နှစ်လက်နှင့်ပါ ဖမ်းဆီး ခေါ်ဆောင် သွားပြီး အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 



Comment ရေးရန်

Rohingya Exodus