နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးရှဥ့်ကျကျေးရွာတွင် စစ်တပ်က တစ်အိမ်တက်ဆင်း စစ်ဆေး၍ ရိုဟင်ဂျာများ၏ ပစ္စည်းများ လုယက်

RB News
19.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာသို့ စစ်သားများ ၀င်ရောက်၍ တစ်အိမ်တက်ဆင်း စစ်ဆေးကာ ဒေသခံ ရိုဟင်ဂျာများ၏ ရွှေ၊ ငွေနှင့် အဖိုးတန် ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၁၀) ရက်နေ့တွင် မောင်တောမြို့နယ် ဦးရှဥ့်ကျ ကျေးရွာသို့ မြန်မာစစ်တပ် ၀င်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမိရ်ဟာကိမ်း၊ ဦးမိုဟာမတ်အလီ (ဘ) ဦးမူဘာရဲခ်အလီ (အသက် ၅၅ နှစ်)၊ မော်လ၀ီဆွေတာလောမ်၊ ဦးဖော်ရိတ်အာလောမ် (ဘ) ဦးဘော်ဆိရ်အာမတ် (အသက် ၃၅ နှစ်) နှင့် ပူတူယာ (ဘ) ဦးနူရူ (အသက် ၁၇ နှစ်) တို့ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ဖမ်းဆီးထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမိရ်ဟာကိမ်း၊ ဦးမိုဟာမတ်အလီ တို့နှင့် အတူ ဦးရှဥ့်ကျ ကျေးရွာသို့ နံနက် (၈) နာရီ အချိန်တွင် ရောက်ရှိလာပြီး တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ရွှေ၊ ငွေသားနှင့် အဖိုးတန် ပစ္စည်းများ လုယက်ခဲ့ကြောင်း၊ အိမ်သုံး ဘီရိုများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

လုယက်ခံရသူ အချို့၏ အမည်များမှာ --

(၁) ဦးရှာကဲရ်မိုဟာမတ် (ဘ) ဦးဇော်လာလ်အာမတ်
(၂) ဦးဆုလ်တာန်အာမတ် (ဘ) ဦးဇော်လာလ်အာမတ်
(၃) ဦးအဘူ (ဘ) ဦးမော်နိရ်အာမတ်
(၄) ဦးနူရ်အာမတ် (ဘ) ဦးဂူရာမျာ
(၅) ဦးအီဆုပ် (ဘ) ဦးအဒူဇော်ဘော်ရ် -- တို့ဖြစ်သည်။

ဆက်လက်၍ ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်း အချို့မှ တံခါးများကို ရိုက်ချိုး၍ ပစ္စည်းများကို စစ်သားများ၊ စစ်သားများနှင့် အတူပါလာသည့် န.တ.လ ရွာသားများက လုယက်၍ ကားများဖြင့် တင်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

လုယက်ခံရသည့် ဆိုင်ခန်း ပိုင်ရှင်အချို့မှာ --

(၁) ဦးရှောမ်ရှုအာလောမ် (အသက် ၃၉  နှစ်)
(၂) ဦးရှာကဲရ် (ဘ) ဦးဂူရာမျာ (အသက် ၂၈ နှစ်)
(၃) ဒိရ်မာမတ် (ဘ) ဦးအဒူဇော်လိပ် (အသက် ၂၀ နှစ်) -- တို့ဖြစ်သည်။


အောက်တိုဘာလ (၁၀) ရက်နေ့တွင် ဖမ်းဆီးသွားသူ (၅) ဦးမှ (၃) ဦးကို စစ်သားများက သတ်ဖြတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus