နောက်ဆုံးသတင်း/ဆောင်းပါးများ

မဆလခေတ် ဘူးသီးတောင် အမတ်ဟောင်း ဦးအဘူလ်ဟူစိန်း ကွယ်လွန်




RB News
2.10.2016

မက္ကာဟ် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကိုယ်စားပြု မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအဘူလ်ဟူစိန်းသည် ယမန်နေ့ အောက်တိုဘာလ (၁) ရက်နေ့တွင် ဆော်ဒီအာရေဗျာနိုင်ငံ မက္ကာဟ်မြို့တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိပါသည်။

ဦးအဘူလ်ဟူစိန်းသည် ၁၉၃၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မွေးဖွားခဲ့ပြီး၊ သမ၀ါယမအသင်း ဥက္ကဌ၊ စပါးဒိုင်မှူး အဖြစ် တာဝန်များ ထမ်းဆောင်ပြီးနောက် ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၁၉၇၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ထောက်လှမ်းရေးများ၏ နှောက်ယှက်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး၊ ဆော်ဒီအာရေဗျာနိုင်ငံ၊ မက္ကာဟ်မြို့တွင် ကွယ်လွန်ချိန်အထိ အခြေချ နေထိုင်ခဲ့သည်။

ဦးအဘူလ်ဟူစိန်းသည် ကွယ်လွန်ချိန်တွင် အသက် (၈၁) နှစ် ရှိပြီး၊ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်ရှင် တစ်ဦး ဖြစ်ပြီးသား (၆) ဦး၊ သမီး (၄) ဦး ထွန်းကားခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ (၁) ရက်နေ့ ဆော်ဒီအာရေဗျာ စံတော်ချိန် ည ၇း၂၀ နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်ပြီး၊ ယနေ့ အောက်တိုလာလ (၂) ရက်နေ့ နံနက် အာရုဏ်တက်အချိန် (ဖဂျရ်) တွင် မက္ကာဟ်မြို့ရှိ အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ Masjid al-Haram တွင် စုပေါင်းဝတ်ပြုပြီးနောက် Jannat al-Mu'alla သင်္ချိုင်းတွင် သဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်။


Comment ရေးရန်

Rohingya Exodus