နောက်ဆုံးသတင်း/ဆောင်းပါးများ

BRAJ နှင့် ဂျပန်လွှတ်တော်အမတ်များ ဆွေးနွေးပွဲတစ်ရပ် ကျင်းပ




RB News
6.10.2016

တိုကျို၊ ဂျပန် ။ ။ အောက်တိုဘာလ (၅) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဂျပန်နိုင်ငံ၊ Gunma ခရိုင်၊ Tatebayashi မြို့ရှိ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (BRAJ) ရုံးခန်းတွင် ဂျပန်လွှတ်တော်အမတ်များနှင့် ဆွေးနွေးပွဲ တစ်ရပ်ကို BRAJ က ဦးစီး၍ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ ရိုဟင်ဂျာအရေး စိတ်ဝင်စားကြသည့် Gunma ခရိုင် လွှတ်တော်အမတ်များ ဖြစ်ကြသော Mrs. Kagya Fujiko နှင့် Mr. Kadokura Knuiyaishi, Tatebayashi လွှတ်တော်အမတ် Mr. Watanabe Mitsunori, အထက်လွှတ်တော်အမတ် Mrs. Kaminoto Mieko ၏ အတွင်းရေးမှူး Mrs. Otsuka Teruyo, Japan Teachers Union မှ Mrs. Fumiyo Fukuzawa, Japan Manichi သတင်းစာတိုက်နှင့် Thomson Reuters သတင်းစာတိုက်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ BRAJ မှ ဒု-ဥက္ကဌ ဦးအောင်တင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ လက်ရှိ လူနေမှုဘ၀ နိမ့်ကျနေသည့် အခြေအနေများ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ ရှေ့လုပ်ငန်းစဉ် အခြေအနေများ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ကို ကြိုဆိုသည့် အကြောင်းနှင့် ကော်မရှင်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဂျပန်လွှတ်တော်တွင် ရိုဟင်ဂျာအရေး ဆွေးနွေးတင်ပြရန်၊ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ပြည်သို့ လာရောက်ပါက ရိုဟင်ဂျာအရေး ဆွေးနွေးတင်ပြရန်၊ ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာမရသေးသည့် ရိုဟင်ဂျာများ အရေး တို့ကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

အပြန်အလှန် ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို နေ့လည် (၃) နာရီတွင် အဆုံးသတ်ခဲ့သည်။ 









Comment ရေးရန်

Rohingya Exodus