နောက်ဆုံးသတင်း/ဆောင်းပါးများ

ပညာတတ်နှင့် လူငယ်များကို RB News သို့ သတင်းပို့သူများဟု စွပ်စွဲ၍ ထောင်ချမည် ခြိမ်းခြောက်လျက်ရှိ

MYARF

RB News
17.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလင်းလင်း တို့ပူးပေါင်း၍ ကျေးရွာတွင်းရှိ ပညာတတ်များနှင့် ကျောင်းသား လူငယ်များကို RB News သို့ သတင်းပို့သူများဟု စွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၇) ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ညောင်ချောင်း ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲများနှင့် အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် (၁၅) ဦးခန့်တို့သည် အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု၊ ကာဒိရာရွာသို့ ရောက်ရှိလာပြီး ဦးဇော်မြင့်ရွှေ (ခ) မာမတ်တော်ယုပ် (ဘ) ဦးကုလ္လာမျာ ကို ဖမ်းဆီးရန် လိုက်လံ ရှာဖွေခဲ့သည်။ နယ်ခြားစောင့်ရဲများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က RB News သို့ သတင်းပို့နေသူများကို မသင်္ကာမှုဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသခံများက ပြောပါသည်။

RB News တွင် သတင်းမှန်များ အမြဲ ရေးသားနေသောကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များ အခက်တွေ့လျက် ရှိပြီး၊ ပညာတတ်များနှင့် ကျောင်းသား လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်မည်ဟု ခြိမ်းခြောက်လျက် ရှိသောကြောင့် လူငယ်များ အထူးစိုးရိမ်နေကြသည်ဟု ဒေသခံများက ဆိုသည်။




Comment ရေးရန်

Rohingya Exodus