နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း ကျေးရွာအုပ်စု တောင်ရွာတွင် ပေါ့ဆမီးကြောင့် အိမ်တစ်အိမ် မီးလောင်

MYARF

RB News
24.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာအုပ်စု တောင်ရွာတွင် ပေါ့ဆမီးကြောင့် အိမ်တစ်အိမ် မီးလောင်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ ၂၄ ရက်၊ ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးစလောင်ခဲ့ခြင်း ဖြစ်ပြီး ဦးနူရ်အာလီ၏ သား အဒူလာမိန် (ကွယ်လွန်) ၏ နေအိမ်ဖြစ်ကြောင်း သိရှိရပါသည်။ မီးသည် မီးဖိုချောင်းမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကနဦး သိရှိရပါသည်။

အိမ်နီးနားချင်းများက ဝိုင်း၍ ငြိမ်းသတ်လိုက်သောကြောင့် မီးသည် အခြားအိမ်များသို့ ကူးစက်သွားနိုင်ခဲ့ကြောင်း မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဆောင်းဦးရာသီတွင် ပေါ့ဆမှုကြောင်း မီးလောင်ကျွမ်းတတ်သည်ကို အာဏာပိုင်များက မောင်တောမြောက်ပိုင်းတွင် ၎င်းတို့ အစုလိုက်အပြုံလိုက် မီးရှို့ခဲ့သည်ကို အာရုံလွှဲရန် ဤကဲ့သို့သာမန် ပေါ့ဆမီးလောင်ခဲ့သည့် သတင်းမျိုးကိုလည်း အလွှဲရေးသားတင်ပြပြီး အကြမ်းဖက်သမားများ မီးရှို့သည်ဟု ပြောလာမည်ဖြစ်၍ ရိုဟင်ဂျာများ အနေဖြင့် မီးကို အထူးသတိထား ထိန်းသိမ်းရန် လိုအပ်ပါသည်။


Comment ရေးရန်

Rohingya Exodus