နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ မသန်မစွမ်း မိန်းကလေးတစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ငွေညှစ်


RB News
21.1.2016

တောင်ပြိုလက်ဝဲ
။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ဆာမာဟာရာရွာမှ မသန်မစွမ်း မိန်းကလေး တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အမှတ် (၂) ရပ်ကွက် ဆာမာဟာရာရွာမှ ဦးအဒူဆလာမ်၏ အသက် (၁၇ နှစ်) အရွယ် မသန်မစွမ်း သမီးဖြစ်သူ မဘီဘီအက်ခ်သာ ကို နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နယ်ခြားစောင့်ရဲများက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် နယ်ခြားစောင့်ရဲများက ပြန်လွှတ်ရန်ဟု ဆိုကာ ဆင်းရဲသည့် မိဘများထံမှ ငွေကျပ် ၅ သိန်း တောင်းခံခဲ့သည်။ ဖခင်ဖြစ်သူက ငွေကျပ် ၅ သောင်း ပေးကာ ကျန်သည့် ငွေကျပ် လေးသိန်းငါးသောင်းကို ပေးပါမည်ဟု ရပ်မိရပ်ဖ တစ်ဦးကို အာမခံပေးခိုင်းကာ မသန်မစွမ်း သမီးဖြစ်သူကို ပြန်ခေါ်ခဲ့ရကြောင်း သတင်း ရရှိပါသည်။




Comment ရေးရန်

Rohingya Exodus