နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံ ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ မိန်းကလေး (၃) ဦး မုဒိမ်းကျင့်ခံရ

MYARF
RB News
24.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ မိန်းကလေး (၃) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့ ညနေ (၅) နာရီ အချိန်ခန့်တွင် လောင်းဒုံကျေးရွာအုပ်စု၊ ကျွန်းခေါင်းရွာ (စိန်ဂရီဖာရာ) သို့စစ်သား ၁၀၀ ခန့် ၀င်ရောက် စီးနင်းခဲ့သည်။ ည (၈) နာရီ အချိန်တွင် ယင်းရွာမှ မိန်းကလေး နှစ်ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ နိုဝင်ဘာလ (၂၃) ရက်နေ့ ညပိုင်းတွင် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာ အခြေစိုက် စစ်သားများက ယင်းကျေးရွာအုပ်စု၊ ဖောကီတောင်ရွာ သို့ဝင်ရောက်ပြီး ရိုဟင်ဂျာ မိန်းကလေး တစ်ဦးကို မုဒိမ်းကျင့်ခဲကြောင်း ယင်းရွာမှ ဒေသခံတစ်ဦးက ပြောပါသည်။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှ စ၍ စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး ဆိုကာ ရွာများအတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ဆက်တိုက် ကျူးလွန်လျက် ရှိရာ ယခုအချိန်ထိ အနည်းဆုံး အမျိုးသမီး ၂၀၀ နီးပါး စစ်သားများနှင့် နယ်ခြားစောင့်ရဲများ၏ မုဒိမ်းကျင့်ခြင်း ခံထားရသည်။ 


Comment ရေးရန်

Rohingya Exodus