နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်



နေ့စွဲ၊ ၂၀၁၆ ခု နိုဝင်ဘာ ၂၄ ရက်

မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်

(၁) ရိုဟင်ဂျာ လူမျိုးတို့အား ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြု၍၊ မြန်မာနိုင်ငံရှိ လူနည်းစုအားလုံး တန်းတူညီမျှ အခွင့်အရေး လက်တွေ့ခံစားခွင့်ရှိစေရမည် ဟူသည့် နိုင်ငံတော် အမိန့်ပြန်တမ်းအား ချက်ချင်း ထုတ်ပြန်ရန်၊ (လူနည်းစု အားလုံး အတွက် ဘ၀လုံခြုံမှု အာမခံချက် ချင်းချင်းပြဌာန်း ဆောင်ရွက်ရန်)

(၂) ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတို့အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ခြိမ်းချောက်ခြင်းတို့အား ချက်ချင်းရပ်တန့်ရန်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် ကမ္ဘာ့ မီဒီယာတို့ အား ချက်ချင်းဝင်ခွင့်ပြုရန်၊

(၃) ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်တို့တွင် ဖြစ်ပေါ်နေသော စစ်ဘေးဒုက္ခသည် အပေါင်းထံ နိုင်ငံတကာ အကူအညီများ ချက်ချင်းဝင်ရောက်ကူညီခွင့်ပြုရန်၊

(၄) ရိုဟင်ဂျာ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ မွတ်ဆလင်တို့အား ပုတ်ခတ်စော်ကားနေသော လူပုဂ္ဂိုလ်များ၊ အာဏာပိုင်များ၊ မီဒီယာများအား ချက်ချင်း ထိရောက်စွာ အရေးယူပေးရန်၊ (မွတ်ဆလင် တို့အား ဘင်္ဂလီ ဟု သုံးနေသည့် မီဒီယာများအား ချက်ချင်း ဖမ်းဆီးအရေးယူပေးရန်)

(၅) ဖျက်ဆီးခံ ဗလီဝတ်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားသော သာသနိက အဆောက်အဦးများအား နိုင်ငံတော် ဘတ်ဂျက်ဖြင့် ချက်ချင်းပြန်ဆောက်ပေးရန်၊ ဖျက်ဆီးခဲ့သည့် တရားခံတို့အား ချက်ချင်း ဖေါ်ထုတ် ဖမ်းဆီးပေးရန်နှင့် ပိတ်ထားသည့် သာသနိက အဆောက်အဦး များအား ချက်ချင်းဖွင့်ပေးရန်၊

ကျွန်ုပ်တို့ Civil Rights Movement မှ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။ (ဤတောင်းဆိုချက်များ မလိုက်လျှောလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် နိုင်ငံတော် အာဏာပိုင် အစိုးရများနှင့်သာ သက်ဆိုင်သည်။)


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus