နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရမှ လူငယ်တစ်ဦးကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်

RB News
28.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာအုပ်စု ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ယနေ့ ညနေပိုင်းတွင် စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ် အချိန်တွင် ငါးခူရ ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် အာနောစ် (ဘ) မော်လ၀ီနူရ်အာလောမ် (အသက် ၂၂ နှစ်) ကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“လူငယ်က သူ့ဟာသူ အလယ်ရွာက လမ်းမှာ သွားနေတာ။ စစ်သားနှစ်ယောက်က မူးရူးနေပုံရတယ်။ အကြောင်းမဲ့ ပစ်လိုက်တာ။ သူတို့ မူးရူးပြီး ပစ်တာကြောင့် အပြစ်မဲ့ လူငယ်တစ်ယောက်ရဲ့ အသက်ဆုံးရှုံး ရတယ်" ဟု အဆိုပါ ဒေသခံက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus