နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ သဲချောင်း၊ သင်္ဘောလှ ရွာမှ ရိုဟင်ဂျာ ရွာသား ၁၀ ဦး နေ့စဉ် အတင်းအဓမ္မ လုပ်အားပေးနေရ

RB News
22.11.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ သဲချောင်းကျေးရွာအုပ်စု၊ သင်္ဘောလှ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ၁၀ ဦးစီကို နေ့စဉ် အတင်းအဓမ္မ လုပ်အားပေးခိုင်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ သဲချောင်း ကျေးရွာအုပ်စု သင်္ဘောလှ ကျေးရွာတွင် အသစ် ဆောက်လုပ်လျက် ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း အတွက် နေ့စဉ် နေ့တိုင်း ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးစီကို အခမဲ့ အတင်းအဓမ္မ လုပ်အား ပေးခိုင်းလျက် ရှိသည်။

သဲချောင်း ကျေးရွာအုပ်စု၊ သင်္ဘောလှ ကျေးရွာတွင် ရိုဟင်ဂျာ အိမ်ခြေ (၃၀) နှင့် ဒိုင်းနက် အိမ်ခြေ (၁၀၀) ကျော် ရှိသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း ဆောက်လုပ်ရန် အတွက် ဒိုင်းနက်လူမျိုးများကို လုပ်အားပေးခိုင်းခြင်း လုံးဝ မရှိဘဲ ရိုဟင်ဂျာ လူမျိုးများကို နေ့စဉ် (၁၀) ဦးစီ ဆင့်ခေါ်၍ အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ယခုကဲ့သို့ နေ့စဉ် အတင်းအဓမ္မ ခိုင်းစေနေသည်မှာ ယခုဆိုလျှင် ၁၅ ရက်တိတိ ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

သင်္ဘောလှကျေးရွာရှိ ရိုဟင်ဂျာများမှာ စားဝတ်နေရေး အတွက်ပင် ခက်ခဲစွာ ရှာဖွေ စားသောက် နေရသည့် ဆင်းရဲသားများ ဖြစ်ကြသည်။ အာဏာပိုင်များက လူမျိုး၊ ဘာသာ ခွဲခြား၍ တမင် နှိပ်ကွပ်၍ ရိုဟင်ဂျာ လူမျိုးများကိုသာ သီးသန့်ခေါ်၍ ခိုင်းခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုနေကြသည်။

အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု အဖွဲ့မှ တိုးချဲ့ ဆောက်လုပ်လျက် ရှိသော ကင်းစခန်း (၃၀) ခု အနက် တောင်ပြိုလက်ဝဲမြို့ အပိုင်တွင် သင်္ဘောလှ ကျေးရွာနှင့် သာယာကုန်း (ရခိုင်) ရွာ တို့တွင် တစ်ခုစီ ဆောက်လုပ်လျက် ရှိကြောင်း သိရှိရသည်။




Comment ရေးရန်

Rohingya Exodus