နောက်ဆုံးသတင်း/ဆောင်းပါးများ

သင်္ဘောကွေ့ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးစစ်သားများက ရိုက်နှက်

RB News
17.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သင်္ဘောကွေ့ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို စစ်သားများက ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် သင်္ဘောကွေ့ ကျေးရွာအုပ်စု၊ အနောက်ရွာမှ ငါးဖမ်းရန် သွားနေသည့် ငါးဖမ်းသမား နှစ်ဦး ဖြစ်သည့် ဦးမိုဟာမတ်ရော်ဖိတ်နှင့် ဦးဖော်ဇော်လ်နှင့် အခြားဒေသခံတစ်ဦး တို့ကို စစ်သားများက ယနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

လွန်ခဲ့သည့်ည (နိုဝင်ဘာလ ၁၆ ရက်) တွင် ဦးအေနာမူလ္လာ၏ လှေမှ ကြိုးကို အမည်မသိသူ တစ်ဦးက ဖြတ်လိုက်ရာ၊ လှေသည် ချောင်း၏ အလယ်သို့ မျောသွားပြီး၊ ယနေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ လှေကို ကမ်းဘက်သို့ ဆွဲယူကာ အနီးအနားရှိ လယ်ကွင်းတွင် အလုပ်လုပ်နေသူများကို အတင်းအဓမ္မ ခေါ်၍ လှေပေါ်တင်ပြီး ဓါတ်ပုံရိုက်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက စစ်သားများကို ဖုန်းဆက်ခေါ်ခဲ့သည်။

စစ်သားများ ရောက်ရှိလာသောအခါ ငါးဖမ်းရန် သွားနေသည့် ငါးဖမ်းသမားနှစ်ဦးကို ရိုက်နှက်ခဲ့သည်။ ငါးဖမ်းသမား ဦးမိုဟာမတ်ရော်ဖိတ်၏ ညီဖြစ်သူကိုလည်း ရိုက်နှက်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ စစ်သားများ၏ ရိုက်နှက်နေမှုကြောင့် လယ်ကွင်းပြင်တွင် အလုပ်လုပ်နေသည့် ကလေးများ ထွက်ပြေးသွားခဲ့ကြပြီး၊ စစ်သားများ ၀င်ရောက်လာသည့် သတင်း ပြန့်နှံသွားမှုကြောင့် သင်္ဘောကွေ့ အနောက်ရွာ၊ ရွာမနှင့် ရွာသစ်တို့မှ ဒေသခံများ အားလုံး နီးစပ်ရာ တောတောင်များ အတွင်းသို့ ရှောင်ပြေးခဲ့ရကြောင်း သိရှိရပါသည်။

ရိုက်နှက်ခံရသည့် ငါးဖမ်းသမား နှစ်ဦး၏ ဓါတ်ပုံ




Comment ရေးရန်

Rohingya Exodus