နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဂူတာပြင်မှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၇) ဦးကို ဖမ်းဆီးထား

MYARF

RB News
24.11.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဂူတာပြင် ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ပြည်သူ (၇) ဦးကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၅း၃၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများနှင့် ညောင်ချောင်း အထက်တန်းကျောင်းတွင် စခန်းချ နေထိုင်ကြသော စစ်သားများက ဂူတာပြင် (ဂူဒါမ်ဖာရာ) ကို ၀ိုင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၇) ဦးကို ဖမ်းဆီး သွားခဲ့သည်။ 

ဖမ်းဆီးသွားသူများကို ညောင်ချောင်းရှိ နယ်မြေ စခန်းသို့ ခေါ်ဆောင်သွားပြီး၊ နေ့လည်ပိုင်းတွင် ၎င်းတို့ကို အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲ၍ စစ်ဆေးခဲ့သော်လည်း မည်သည့် အထောက်အထားများ မတွေ့ရှိခဲ့ကြောင်း၊ သို့သော်လည်း ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဖမ်းဆီးခံထားရသူများမှာ --

(၁) ဦးရှော်ဖီအုလ်အစ္စလာမ် (ဘ) ဦးဖော်ယာစ် (အသက် ၃၉  နှစ်)
(၂) ဦးရှော်ဖီကုလ်အစ္စလာမ် (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၃၅ နှစ်)
(၃) ဦးနူရ်အစ္စလာမ် (ဘ) ဦးဆော်ယာဒူလ်အစ္စလာမ် (အသက် ၂၀ နှစ်)
(၄) ဦးမာဆောန် (ဘ) ဦးမာတာဘောရ် (အသက် ၆၀ နှစ်)
(၅) ဦးအာဘူဆာလေ၏ သား (အသက် ၁၇ နှစ်)
(၆) ဦးဟာဘီအုလ္လာ (ဘ) ဦးအဒူဆောလာမ် (အသက် ၅၂ နှစ်)
(၇) မော်လ၀ီဇူဘိုင်ရ် (ဘ) ဦးမာမောတ် (အသက် ၃၃ နှစ်) -- တို့ဖြစ်ကြသည်။ 


Comment ရေးရန်

Rohingya Exodus