နောက်ဆုံးသတင်း/ဆောင်းပါးများ

နူရူလ္လာရွာမှ ဘာသာရေးကျောင်းမှ ခြံစည်းရိုးကို နယ်ခြားစောင့်ရဲများက ဖျက်ဆီး

MYARF
RB News
26.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာအုပ်စု (တပ်ဦးချောင်း) နူရူလ္လာရွာရှိ အစ္စလာမ် ဘာသာရေးကျောင်းမှ ခြံစည်းရိုးများကို နယ်ခြားစောင့်ရဲများက ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မန်ကျည်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း အမှတ် ၁၅) မှ ရဲမှူးနှင့် အဖွဲ့က နူရူလ္လာရှိ အစ္စလာမ် ဘာသာရေးကျောင်း၏ ခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“မနက်ပိုင်းမှာ ရဲမှူးက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို အစည်းအဝေး လုပ်စရာ ရှိတယ်ဆိုပြီး လူ ၄၀ ခေါ်ခိုင်းတော့ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ လူ ၃၀ ကျော် ခေါ်လာတယ်။ ရဲမှူးက ဒီလို လက်ဗလာနဲ့ လာလို့မရဘူး။ တူတွေ တရွင်းတွေပါ ယူလာပြီး ဗလီနဲ့ ကျောင်းကို ဖြိုရမယ် ပြောတော့ ရွာသားတွေက မဖြိုပေးနိုင်ဘူးလို့ ပြန်ပြောတယ်။ အဲဒီမှာ ရဲမှူးက ဖြိုမပေးနိုင်ရင်လည်း ဗလီရှေ့ရပ်ပြီး ဓါတ်ပုံ ရိုက်ခံရမယ်လို့ ထပ်ပြောတယ်။ အဲဒီမှာ ရွာသားတွေက ဓါတ်ပုံ ရိုက်မခံဘဲ ပြန်သွားတဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ရွာသားများ ထွက်ခွာသွားပြီးနောက် နယ်ခြားစောင့်ရဲများက ဘာသာရေးကျောင်း၏ အုတ်ဖြင့်ကာရံထားသော ခြံစည်းရိုးများကို ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။



Comment ရေးရန်

Rohingya Exodus