နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွမ်းသီးပင် ကျေးရွာအုပ်စုမှ ဒေသခံများ ငွေညှစ်ခံရ

Rohingya Eye
RB News
16.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးက ကျေးရွာ ဥက္ကဌဟောင်းနှင့် ပူးပေါင်း၍ စပါးရိတ်သိမ်းပြီးစီးသူများကို အမျိုးမျိုး ခေါင်းစဉ်တပ်၍ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ကွမ်းသီးပင် ကျေးရွာ၏ အနောက်ဘက်တွင် လယ်ယာမြေ (၂၄၁) ဧကရှိပြီး၊ လယ်မြေ တစ်ဧကလျှင် စခန်းမှူးအတွက် ငွေကျပ်တစ်သောင်းစီ ပေးရမည်ဟု ဆိုကာ ဥက္ကဌဟောင်း ဦးဆာဇိတ်ဒူလ္လာ (ဘ) ဦးရိုင်ဘုလ္လာ (အသက် ၄၁ နှစ်) က ကောက်ခံလျက် ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ငွေပေးရသူ အချို့မှာ -- 

(၁) ဦးရော်ရှိတ်အာမတ် (ဘ) ဦးဖော်ကိရ်အာမတ် (အသက် ၆၅ နှစ်) - ပေးရငွေ ၅ သောင်း
(၂) ဦးမာမတ်ဒူဟောက် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) - ပေးရငွေ ၄ သောင်း
(၃) ဦးယာစီးန် (အသက် ၄၂ နှစ်) - ပေးရငွေ ၃ သောင်း -- တို့ဖြစ်သည်။ 

ဥက္ကဌဟောင်းသည် ကင်းစခန်းမှူးနှင့် ရွာအုပ်ချုပ်ရေးမှူး ဦးအထွန်းချေ တို့၏ လူယုံတစ်ဦးဖြစ်ပြီး၊ စခန်းမှူးနှင့် ဦးအထွန်းချေ တို့၏ အခွင့်အာဏာဖြင့် ရွာသားများကို အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်လျက် ရှိကြောင်း၊ အလွန် ရက်စက်သူတစ်ဦး ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

အလားတူ အဆိုပါ ကျေးရွာမှ ရာအိမ်မှူး ဖြစ်သော ဦးအာဘူလ်ကာလာမ် (ဘ) ဦးဟာလာဆုလ်တာန် (အသက် ၄၀ နှစ်)၊ ဦးမာမတ်ဟာရှိမ်း (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၅ နှစ်)၊ ဦးဟိုက်ဘော်ရှော်ရ် (ဘ) ဦးဟာလာဆန် (အသက် ၃၀ နှစ်)၊ ဦးဇော်မိရ်အာမတ် (ဘ) ဦးယာစီးန်အလီ (အသက် ၄၅ နှစ်) နှင့် ဦးနုရ်အာလောမ် (ဘ) ဦးရှော်ရိဖ် (အသက် ၂၅ နှစ်) တို့နှင့် ပူးပေါင်း၍ အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှ စ၍ အသွားအလာ ပိတ်ပင်ထားမှုကြောင့် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အိမ်မွေးနွားများကို ရောင်းချနေသည်ကို ပြဿနာဖြစ်ပွားနေသည့် ရွာများမှ နွားများကို ခိုးယူလာပြီး ရောင်းချနေသည်ဟု မဟုတ်မမှန် လိမ်ညာ စွပ်စွဲ၍ စခန်းမှူး၏ အမည်ကိုသုံးကာ ခြိမ်းခြောက်ပြီး ငွေညှစ်လျက် ရှိသည်။ 

ငွေညှစ်ခံရသူများမှာ --

(၁) ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ကွမ်းသီးပင်၊ လုဖိုယာရွာမှ ဦးဘော်ဒီအာလောမ် (ဘ) ဦးဟာလူး (အသက် ၂၅ နှစ်) ထံမှ နွားတစ်ကောင် အတွက် ငွေကျပ် တစ်သိန်း

(၂) ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဦးရှောမ်ရှုအာလောမ် (ဘ) ဦးမာဇီးတ် ထံမှ နွား ၆ ကောင် အတွက် ငွေကျပ် ၆ သိန်း

(၃) ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက်မှ ဦးမောင်ဖြူ၏ ကျွဲ ၂ ကောင် အတွက် ငွေကျပ် ၅ သောင်း -- တို့ဖြစ်သည်။ 


Comment ရေးရန်

Rohingya Exodus