နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများက သားအဖနှစ်ဦးကို ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၃၀ ညှစ်

MYARF
RB News
1.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဂုပ္ပီကျေးရွာအုပ်စု၊ စဟုန်းကျေးရွာမှ သားအဖ နှစ်ဦးကို ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများက ဖမ်းဆီး၍ ငွေကျပ် သိန်း ၃၀ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ဂုပ္ပီကျေးရွာအုပ်စု၊ စဟုန်းကျေးရွာမှ ဦးအဗ်ဒူလ်ဟာကိမ်း (ဘ) ဦးဟာမီဒူလ္လာ (အသက် ၅၃ နှစ်) နှင့် သားဖြစ်သူ ဂျာဘဲရ် (အသက် ၂၃ နှစ်) တို့ကို ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများ ဖမ်းဆီး၍ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ် ရှိသည်၊ နိုင်ငံခြားသို့ သတင်းပို့သည်၊ အင်တာနက်ပေါ်တွင် သတင်းတင်သည်ဟု အမျိုးမျိုး လုပ်ကြံ စွပ်စွဲ၍ ငွေမပေးပါက တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ငွေကျပ် သိန်း ၃၀ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများသည် သာမာန်ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးလျက် ရှိပြီး၊ စစ်သားများသည် ရွာများထဲသို့ ၀င်ရောက်၍ ခြိမ်းခြောက် ပြောဆိုခြင်း၊ မတော်မတရား ဖမ်းဆီး ငွေညှစ်ခြင်းများ အမြဲတစေ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

“တပ်ရင်းဂိတ်တွေကို ကျော်သွားဖို့ မပေးတဲ့ အတွက် တစ်ရွာကနေ တစ်ရွာကို သွားလာခွင့် ပိတ်ထားတယ်လို့ ပြောရပါမယ်။ ကျောက်ဖြူတောင်၊ တပ်မင်းချောင်း၊ ငကျည်တောက် စတဲ့ ရွာတွေက ရွာသူရွာသားတွေနဲ့ ဘူးသီးတောင် မြောက်ပိုင်းက လူတွေ အောက်တိုဘာလ ၉  ရက်နေ့က စပြီး အခုထိ မြို့ပေါ်ကို ဘာအကြောင်းနဲ့မှ သွားလာခွင့် မရတော့ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 


Comment ရေးရန်

Rohingya Exodus