နောက်ဆုံးသတင်း/ဆောင်းပါးများ

စားသောက်ရန် မရှိ၍ ငါးဖမ်းရန်သွားသည့် ဦးရှည်ကျ ရွာသားတစ်ဦးကို နယ်ခြားစောင့်ရဲများက ရိုက်နှက်

RB News
20.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာမှ စားသောက်ရန် မရှိ၍ ငါးဖမ်းသွားသူ တစ်ဦးကို နယ်ခြားစောင့်ရဲများက ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့ နံနက် ၇ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာမှ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနာဒိရ်ဟူစိန်း (အသက် ၃၅ နှစ်) သည် မိသားစုများ စားသောက်ရန် မရှိသဖြင့် ငါးဖမ်းရန် ထွက်ခဲ့ရာ လာရ်ဖာရာ (စံပယ်ပင်ရင်း ရခိုင်ရွာ) အခြေစိုက် နယ်ခြားစောင့်ရဲများက ၎င်းအား လမ်းလျှောက်၍ မရတော့လောက်အောင် ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“သူ့မှာ မိသားစုလည်း များတယ်။ စားသောက်ဖို့ ၀ယ်လို့လည်း မရတော့ ငါးဖမ်းမယ် ဆိုပြီး ရွာကနေ ထွက်သွားတာ၊ အဲဒီမှာ လာရ်ဖာရာက နယ်ခြားစောင့်ရဲတွေက သူ့ကို ရိုက်တယ်။ ရိုက်တာမှ မထနိုင်တော့အောင် ရိုက်ထားတာ၊ သူလဲနေတာကို ရွာသားတွေ တွေ့လို့ ပြန်ခေါ်လာတာ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှ စ၍ မောင်တောမြောက်ပိုင်းမှ ဒေသခံများကို မြို့ပေါ်သို့ သွားလာခွင့် ပိတ်ပင်ထားသဖြင့် မြောက်ပိုင်းရှိ ဒေသခံ ရိုဟင်ဂျာများမှာ စားသောက်ရေး အတွက် အလွန်ပင် အခက်အခဲ ကြုံတွေ့လျက် ရှိသည်။ 

ရိုက်နှက်ခံရသူ ဦးဟာမိတ်ဟူစိန်း

Comment ရေးရန်

Rohingya Exodus