နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ဒေသခံ (၂) ဦးကို စစ်သားများက ဖမ်းဆီး၍ ရိုက်နှက်ပြီး ပညာတတ်များနှင့် ငွေကြေးတတ်နိုင်သူများ၏ စာရင်းပေးခိုင်း

RB News
24.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေး ကျေးရွာအုပ်စုမှ ဒေသခံ နှစ်ဦးကို စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်၍ ရွာအတွင်းရှိ ပညာတတ်များနှင့် ငွေကြေးတတ်နိုင်သူများ စာရင်းပေးခဲ့ခိုင်းကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၄) ရက်နေ့ ညနေ (၄) အချိန်တွင် မိကျောင်းဈေး ကျေးရွာအုပ်စု၊ မိကျောင်းဈေးရွာသို့ သင်္ဂနက် ကျေးရွာအခြေစိုက် တပ်ရင်း ၅၅၂ မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်သန်းမြ အပါအ၀င် စစ်သား ၅ ဦး ရောက်ရှိလာပြီး ဦးဟာဖီးဇ် (ဘ) ဦးဆွေယော့ဒ်အာမတ်နှင့် ဦးဆူဖီယာန် (ဘ) ဦးအဒူဂုယုပ် တို့ကို ဖမ်းဆီး၍ ဆိုင်ကယ်ပေါ်သို့ တင်ကာ တပ်ရင်းသို့ ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးသွားသူ နှစ်ဦးစလုံးကို တပ်ရင်းတွင် ရိုက်နှက်၍ ရွာအတွင်းရှိ ပညာတတ်များနှင့် ငွေကြေးတတ်နိုင်သူများ၏ စာရင်းပေးခိုင်းသဖြင့် ၁၁၃ ဦး၏ စာရေးပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

၎င်းတို့နှစ်ဦးကို ည ၇း၃၀ နာရီ အချိန်တွင် စစ်သားများက မိကျောင်းဈေးရွာရှိ နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

စစ်သားများကို ပညာတတ်များနှင့် ငွေကြေးတတ်နိုင်သူ ၁၁၃ ဦး၏ စာရင်းပေးခဲ့ရသည့် သတင်းကြောင့် ရွာမှ ပညာတတ်များနှင့် ငွေကြေးတတ်နိုင်သူများ အထိတ်တလန့်ဖြစ်၍ ရွာအတွင်းမှ ထွက်ပြေး တိမ်းရှောင်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။




Comment ရေးရန်

Rohingya Exodus