နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်သားများက ရပ်တန့်ခိုင်းပြီး လုယက်

RB News
27.1.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စုရှိ ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်သားမများက ရပ်တန့်ခိုင်းပြီး လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၇) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စုရှိ ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများထံမှ စစ်သားများက လုယက်ခဲ့သည်။ စစ်သားများသည် လမ်းမနံဘေးရှိ တောင်ကြားတွင် ပုန်းလျှိုနေပြီး၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသူများ၊ ဆိုင်ကယ် ကယ်ရီသမားများ တွေ့မှ လမ်းမပေါ်သို့ ထွက်လာပြီး ရပ်တန့်ခိုင်းကာ လုယက်ခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောသည်။

လုယက်ခံရသူအချို့မှာ --

(၁) ဦးမာမတ်အစ္စလာမ် (ဘ) ဦးအဒူရော်ဟိမ်း - ကျွန်းပေါက်ပြုစု ရွာဟောင်းမှ - လုခံရငွေကျပ် နှစ်သောင်း
(၂) ဦးမာမတ်ဇာဖောရ် (ဘ) ဦးနူရ်ဟူဆောင်း - ကျောက်ချောင်း အလယ်ရွာမှ - လုခံရငွေကျပ် သုံးသောင်း -- တို့ဖြစ်ပြီး၊ စစ်သားများက အမည်မသိ ဆိုင်ကယ်ကယ်ရီသမား များစွာထံမှလည်း လုယက်ခဲ့ကြောင်း မျက်မြသက်သေများက ပြောပါသည်။

ကြိမ်ချောင်း - တောင်ပြို လမ်းမတွင် အစိုးရပိုင် ကားလိုင်းပြေးဆွဲမှု မရှိသောကြောင့် ဒေသတွင်း သွားလာသူများမှာ ဆိုင်ကယ်ကယ်ရီသမား များကိုသာ အဓိက မှီခို အားထားနေရသည်။

ဆိုင်ကယ် ကယ်ရီသမားများ၊ လမ်းသွားလမ်းလာများထံမှ လုယက်နေသဖြင့် ဒေသခံများ အကြား အထိတ်တလန့် ဖြစ်ပွားလျက်ရှိပြီး၊ အရေးပေါ် သွားချင်သူများပင် သွား၍ မရတော့ကြောင်း၊ ဒေသခံများကို ရွာများတွင် ပိတ်ဆို့ထားရန် ရည်ရွယ်ချက်ဖြင့် အစိုးရက ယခုကဲ့သို့ တမင် ပြုလုပ်နေသလားဟု သံသယ ဖြစ်မိကြောင်း ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus