နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ခမရ ၅၆၄ တပ်ရင်းမှ ခေတ္တတပ်ရင်းမှူးက ဒေသခံများထံမှ ငွေညှစ်သည့် အပြင် လယ်သမားများ ထံမှ စပါးတင်း ၂၀၀၀ ကောက်ခံ

RB News
24.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ ၅၆၄ တပ်ရင်းမှ ခေတ္တတပ်ရင်းမှူးသည် ဒေသခံများထံမှ ငွေညှစ်သည့်အပြင် လယ်သမားများထံမှ စပါးတင်း ၂၀၀၀ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ ၅၆၄ တပ်ရင်းမှ ခေတ္တတပ်ရင်းမှူးသည် ဒေသခံ ရိုဟင်ဂျာ အများအပြားကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်သည့် အပြင် အုတ်တောင်ကျေးရွာအုပ်စု၊ ကျောက်တောင်ပြင်ရှည် ကျေးရွာအုပ်စုတို့မှ ဆင်းရဲသော လယ်သမားများကို အမျိုးမျိုး ခြိမ်းခြောက်၍ စပါးတင်း ၂၀၀၀ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ စပါးတင်း ၂၀၀၀ ကို ၎င်းနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော ဒေသခံများကို ကောက်ခံခိုင်းထားကြောင်း သိရှိရသည်။

ခေတ္တတပ်ရင်းမှူးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဒေသခံ (၃) ဦးကို ခြိမ်းခြောက်၍ ငွေကျပ် (၁၈) သိန်း ညှစ်ယူခဲ့သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဇော်နာလုဒ္ဒိန် (ဘ) ဦးဟာကိမ်း (ရွာသစ်ရွာမှ) ညှစ်ခံရသည့် ငွေကျပ် ၆ သိန်း
(၂) ဦးအာမီးရ်ဟူစိန်း (ဘ) ဦးအီနုစ် (မိကျောင်းဈေးရွာသစ်မှ) ညှစ်ခံရသည့် ငွေကျပ် ၆ သိန်း
(၃) ဦးဟာရွန် (ဘ) ဦးနာဂူ (ရွာသစ်ရွာမှ) ညှစ်ခံရသည့် ငွေကျပ် ၆ သိန်း -- တို့ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင်လည်း ဒေသခံ (၁၀) ဦးထံမှ ငွေကျပ် သိန်း (၃၀) ညှစ်ယူခဲ့သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးယာယာခါန် (ဘ) ဦးရော်ဖိတ် (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၂) ဦးအဒူဆော်လာမ် (ဘ) ဦးနော်ဇူမျာ (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၃) ဦးရှော်ဖီအုလ္လာ (ဘ) ဦးအာဘူလ်ဖော်ဇော်လ် (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၄) ဦးအဒူလ်အာဇီဇ် (ဘ) ဦးမာမတ်ကာဆိမ်း (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၅) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးလာလူး (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၆) ဦးဆော်လိမ် (ဘ) ဦးအာမတ်ခေါ်ဘိရ် (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၇) ဦးရော်ဖိတ် (ဘ) ဦးဖာရုခ် (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၈) ဦးဇော်ကော်ရီယာ (ဘ) ဦးဇူရ်အစ္စလာမ် (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၉) ဦးဇီယာဘုလ်ဟောက် (ဘ) ဦးဆော်လီမုလ္လာ (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း
(၁၀) ဦးအစ္စမိုင်လ် (ဘ) ဦးမာမတ် (ရွာသစ်ရွာမှ) ညှစ်ခံရသည့်ငွေကျပ် ၃ သိန်း -- တို့ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus