ကျီးကန်းပြင်မှ အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦးကို စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်
Rohingya Eye
RB News
5.2.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာအုပ်စုမှ အသက် (၁၃) နှစ် အရွယ် ရိုဟင်ဂျာကလေးတစ်ဦးကို စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အနောက်ရွာမှ အသက် (၁၃) နှစ်အရွယ်ရှိသည့် ဟာဆောင်း (ဘ) ဦးဇူဘာရိတ် သည် ၀ါးပိတ်ရွာ၏ အနောက်ဘက်ရှိ ရိုဟင်ဂျာများပိုင် ငါးကန်တွင် ငါးဖမ်းနေစဉ် စစ်သားများက ဖမ်းဆီးခေါ်ဆောင်၍ ၀ါးပိတ်ရှိ ယာယီစခန်းချထားသည့် နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကလေးကို လူမဆန်စွာ ရိုက်နှက်၍ ညနေ ၄ နာရီခွဲ အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ရိုက်နှက်ခံရသည့် ကလေးသည် သေချာလမ်းမလျှောက်နိုင်သော်လည်း အနောက်ရွာသို့ ကြိုးစား၍ ပြန်လာခဲ့ရာ ရွာသားများက တွေ့သည်နှင့် မိဘများထံ ပို့ပေးခဲ့သည်။
ဒဏ်ရာများစွာ ရရှိထားသည့် ကလေးမှာ ဆေးကုသခွင့် ရရန် နောက်နေ့ မနက်အထိ စောင့်ရမည် ဖြစ်သောကြောင့် ညအတွင်း အခြေအနေ ဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။ အခြေအနေကောင်းမွန်စွာဖြင့် နောက်နေ့ နံနက်ပိုင်းတွင် ဆေးကုသရန် အသက်ရှင်နေလျှင်လည်း မိဘများမှာ ဆေးကုသရန်ပင် ငွေကြေးမရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသည့် ကလေးမှာ ကျီးကန်းပြင်ကျေးရွာအုပ်စု အလယ်ရွာမှ ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် က အလယ်ရွာမှ ရွာသားများကို မောင်းထုတ်လိုက်သောကြောင့် အနောက်ရွာတွင် မိဘများနှင့် အတူ ခိုလှုံလျက်ရှိခြင်း ဖြစ်သည်။
ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသည့် ကလေးမှာ ကျီးကန်းပြင်ကျေးရွာအုပ်စု အလယ်ရွာမှ ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် က အလယ်ရွာမှ ရွာသားများကို မောင်းထုတ်လိုက်သောကြောင့် အနောက်ရွာတွင် မိဘများနှင့် အတူ ခိုလှုံလျက်ရှိခြင်း ဖြစ်သည်။
လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး Zeid Al Hussein က ဖုန်းဆက်၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများနှင့် ပတ်သက်၍ ပြောကြားခဲ့သော်လည်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်မသွားသည်ကို တွေ့ရှိရသည်။
စစ်သားများ၏ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည့် ဟာဆောင်း |