နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက ဆိုင်ကယ်ကယ်ရီသမား တစ်ဦးကို ရိုက်နှက်၍ ငွေလုယက်

Rohingya Eye
RB News
11.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲများက ဆိုင်ကယ်ကယ်ရီသမားကို ရိုက်နှက် ငွေလုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ဟိုက်ဒေါရ်ခူးန်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ရွာကြီးရွာမှ မော်တော်ဆိုင်ကယ် ကယ်ရီသမား ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးနော်ဘီဟူဆောင်း (အသက် ၂၇ နှစ်) ကို အလယ်သံကျော် ကျေးရွာမှ ပြန်လာနေစဉ် ရပ်တန့်ခိုင်းပြီး လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် အိတ်ထဲတွင် ပါလာသည့် ငွေကျပ် ၇ သောင်းကိုလည်း လုယက်ခဲ့သည်။ 

“ဆိုင်ကယ် ကယ်ရီသမားက ဆင်းရဲသားပါ။ အဲဒီငွေတွေလည်း သူများကို ပေးဖို့ တစ်ယောက်က ပေးထားတာပါ။ အခုလို လိုင်စင်ရ သောင်းကျန်းသူ ဓါးပြပုံစံနဲ့ လုယက်နေတာက အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေလား၊ အစိုးရရဲ့ မူဝါဒက ဒီလိုလား ဆိုတာ အစိုးရကိုယ်တိုင် ပြန်ဆန်းစစ်ဖို့ လိုတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 




Comment ရေးရန်

Rohingya Exodus