နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥဒေါင်း အနောက်ရွာမှ ကျေးရွာတာဝန်ခံက ရွာသားတစ်ဦးကို ရိုက်နှက်

MYARF
RB News
16.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မြင်းလွတ်မြို့၊ ဥဒေါင်းကျေးရွာအုပ်စု၊ အနောက်ရွာမှ ကျေးရွာတာဝန်ခံက ၎င်းက ဆင့်ခေါ်သည့် ရွာသားတစ်ဦး အချိန်မီ ရောက်မလာသည်ကို အကြောင်းပြ၍ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မတ်လ (၁၁) ရက်နေ့တွင် မြင်းလွတ်မြို့၊ ဥဒေါင်းကျေးရွာအုပ်စု၊ အနောက်ရွာမှ ဦးကာဆိမ်း (ဘ) ဦးဟာဘီရာမာန် (အသက် ၅၂ နှစ်) ၏ ကလေးငယ် တစ်ဦးနှင့် ယင်းရွာမှ အခြားကလေးငယ်တစ်ဦးတို့ ရန်ဖြစ်ခဲ့ရာ ကလေးငယ်၏ ဖခင်က ကျေးရွာတာဝန်ခံ ဦးရှောဘိရ် (ဘ) ဦးမာမတ်ဆိဒိခ်ထံ တိုင်တန်းခဲ့သည်။

ကျေးရွာတာဝန်ခံက ဦးကာဆိမ်းကို ဆင့်ခေါ်ခဲ့သော်လည်း ဦးကာဆိမ်းက မအားသဖြင့် အချိန်မီ သွားရောက်နိုင်ခြင်း မရှိခဲ့ဘဲ ယင်းနေ့ နေ့လည် ၃ နာရီကျော်ခန့်တွင် သွားရောက်ခဲ့သော်လည်း ကျေးရွာတာဝန်ခံက “ငါခေါ်တဲ့အချိန် ဘာကြောင့် မလာတာလဲ၊ မင်းငါ့ရဲ့ အမိန့်ကို လျစ်လျူရှုခဲ့တယ်၊ မင်းငါ့ကို ဘာထင်နေလဲ” ဟု ဆိုကာ အမျိုးမျိုးဆဲဆို၍ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။

ကျေးရွာတာဝန်ခံ၏ ရိုက်နှက်မှုကြောင့် ဦးကာဆိမ်းသည် ယခုအချိန်ထိ အိပ်ရာထဲတွင် လဲနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ကျေးရွာတာဝန်ခံ ဦးရှော်ဘိရ်သည် ယခင်ကတည်းကပင် စစ်တပ်၏ သတင်းပေးတစ်ဦး ဖြစ်ပြီး၊ စစ်တပ်နှင့် ရင်းနှီးသည်ကို အကြောင်းပြ၍ ရွာသားများကို ညှဉ်းပန်းနှိပ်စက်လေ့ရှိကြောင်း၊ ရွာသားများက တစ်ခုခု ပြောလျှင်ပင် စစ်သားများခေါ်လာ၍ ဖမ်းဆီးရိုက်နှက်ခိုင်းပြီး ငွေညှစ်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus