နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲ ကင်းစခန်းမှ စခန်းမှူးက အဆောင်သစ်ဆောက်ရန်ဟု ဆိုကာ လုပ်ငန်းရှင်များထံမှ ငွေကောက်

Rohingya Eye
RB News
12.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးသည် ကင်းစခန်းအတွင်း အဆောင်သစ်တစ်ခု ဆောက်လုပ်ရန် ဟု အကြောင်းပြချက် ပေး၍ လုပ်ငန်းရှင်များထံမှ ငွေကျပ် တစ်သိန်း အထက် အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစ၍ မြို့မကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ်မြင့်ကြူသည် ကင်းစခန်းအတွင်း အဆောင်သစ်တစ်ခု ဆောက်လုပ်ရန် အတွက်ဟု ဆိုကာ လုပ်ငန်းရှင်များ ထံမှ ငွေကျပ်တစ်သိန်း အထက် အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေပေးခဲ့ရသူအချို့မှာ --

(၁) ဦးမိုဟာမတ်ရှော်ဖီ (ဘ) ဦးလာလ်မျာ (အသက် ၃၀ နှစ်) -- ပေးခဲ့ရငွေကျပ် တစ်သိန်း
(၂) ဦးဆော်လိမ် (ဘ) ဦးအာဘူဇဲရ် (အသက် ၃၅ နှစ်) -- ပေးခဲ့ရငွေကျပ် သုံးသိန်း
(၃) ဦးရီယာစ် (ဘ) ဦးအီလီယာစ် (အသက် ၂၈ နှစ်) -- ပေးခဲ့ရငွေကျပ် တစ်သိန်း
(၄) ဦးဟာလိမ် (ဘ) ဦးဘော်ရှီအုလ္လာ (အသက် ၃၀ နှစ်) -- ပေးခဲ့ရငွေကျပ် တစ်သိန်း
(၅) ဦးဇူဟာရ် (ဘ) ဦးဇာဖောရ်အာမတ် (အသက် ၃၁ နှစ်) -- ပေးခဲ့ရငွေကျပ် တစ်သိန်း
(၆) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၃၀ နှစ်) -- ပေးခဲ့ရငွေကျပ် တစ်သိန်း -- တို့ဖြစ်သည်။ 

အဆိုပါ ကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ နေထိုင်ရန် အဆောင်များ လုံလောက်စွာ ရှိပြီး၊ အဆောင်သစ် ဆောက်စရာမလိုအပ်သည့် အခြေအနေ ဖြစ်သော်လည်း ငွေရှာရန် အကြောင်းပြခြင်း ဖြစ်သည်။ စခန်းမှူး ဒုရဲအုပ်မြင့်ကြူသည် အထက်အရာရှိများကို ငွေကြေး အများအပြားပေးအပ်၍ မောင်နီရွာရှိ ကင်းစခန်းသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းမျှော်မှန်းသည့်အတိုင်း ငွေမရနိုင်သဖြင့် စိတ်ပူပန်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus