နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်မြေရှင်းလင်း ခေါင်းစဉ်ဖြင့် ဖမ်းဆီးပြီးနောက် စစ်ဆေးစဉ် သတ်ဖြတ်ခံရသူများ၏ မိဘများကို အတင်းအဓမ္မ ကျေအေးကြောင်း လက်မှတ်ထိုးခိုင်း

MYARF
RB News
22.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသည့် ဒေသခံရိုဟင်ဂျာများ၏ မိဘများထံမှ အတင်းအဓမ္မ ကျေအေးကြောင်း လက်မှတ်ယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် မြန်မာစစ်တပ်က မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးများ နေထိုင်သော ကျေးရွာအုပ်စုများ အတွင်းသို့ အလုံးအရင်းနှင့် ၀င်ရောက်ပြီး တွေ့သူပစ်၊ မိသူဖမ်း၊ ရရာ မီးရှို့စနစ်ဖြင့် နိုင်လူမင်းတက် ကာလဖြစ်သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ပွင့်ဖြူချောင်း ကျေးရွာအုပ်စုမှ လူအိုလူရွယ် (၅၀) ကျော်ကို သံသယမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားပြီး၊ မည်သူ့ကို သတ်ပစ်ခဲ့သည်ကို မည်သူကမှ မသိနိုင်ကြောင်း ကျန်ရစ်သူမိသားစုများက ပြောပါသည်။

လွန်ခဲ့သည့် မတ်လ (၁၃) ရက်နေ့တွင် ငါးခူရ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ရဲမှူးက ရုတ်တရက် စာတစ်စောင် ထုတ်ပေးပြီး ပွင့်ဖြူချောင်း ကျေးရွာအုပ်စု၊ ဇင်ပိုင်ညာရွာမှ ဦးမိုဟာမတ်အာလောမ်၊ ဦးအော်လီအာမတ်၊ ဦးအဒူရော်ကိမ်း၊ ဦးဆုရုစ်ခါန်နှင့် ဦးရှုနာမျာ၏ ဖခင်တို့ကို ဘူးသီးတောင်ရှိ အကျဉ်းသားများကို ထောင်ဝင်စာသွားတွေ့ရန်ဟု ဆိုကာ စေလွှတ်ခဲ့ကြောင်း ရွာသားများက RB News သို့ပြောပါသည်။ 

ထိုသို့ ထောင်ဝင်စာသွားတွေ့ရာတွင် (၅) ဦးထဲမှ (၃) ဦးကိုသာ သွားကျိုး၊ ခြေလက်ကျိုး ပုံစံဖြင့် အရှင်လတ်လတ်တွေ့ရပြီး၊ ဦးမိုဟာမတ်အာလောမ်၏ သား မိုဟာမတ်ဖော်ရိတ် (အသက် ၁၅ နှစ်) နှင့် ဦးဆုရုခ်ခါန်၏ သား ဆယာဒ်အာမတ်တို့ နှစ်ဦးကို စစ်ဆေးစဉ် အသက်ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။ ဖခင်များက သားများ သေဆုံးသွားကြောင်း သိရှိရ၍ ၀မ်းနည်းကြေကွဲနေစဉ် အာဏာပိုင်များက အမှုဖွင့် အရေးယူမည် မဟုတ်ပါဟု အတင်းအဓမ္မ ထွက်ဆိုခိုင်းပြီး ကျေအေးလွှာပေါ်တွင် လက်မှတ်ပေါင်းများစွာ ထိုးခိုင်းခဲ့ကြောင်း ရွာသားများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 




Comment ရေးရန်

Rohingya Exodus